ဘက်ထရီအသုံးပြုမှုကို သိသာစွာလျှော့ချပြီး စွမ်းအင်ပိုထုတ်ပေးမယ့် အာကာသဆိုလာပြား

 

ဘက်ထရီအသုံးပြုမှုကို သိသာစွာလျှော့ချပြီး စွမ်းအင်ပိုထုတ်ပေးမယ့် အာကာသဆိုလာပြား

 

     ကင်းကောလိပ်လန်ဒန်မှ သုတေသနပညာရှင်များက အာကာသမှနေ၍ ဆိုလာစွမ်းအင်ကို ရယူအသုံးပြုခြင်းဟာ မြေပြင်အခြေပြုဆိုလာနဲ့ လေအားလျှပ်စစ် ထုတ်လုပ်မှုကို ၈၀ ရာခိုင်နှုန်းလောက်အထိ သိသိသာသာ လျှော့ချပေးနိုင်မှာဖြစ်တဲ့အပြင် ၂၀၅၀ ပြည့်နှစ်အရောက်မှာ မဟာ ဓာတ်အားလိုင်းအတွက် ကုန်ကျစရိတ်ကိုလည်း ၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထ ိလျှော့ချပေးနိုင်မယ်ဆိုပြီး ယူဆထားကြတာပါ။

ဒီအတွက် ပညာရှင်များက Innovative Heliostat Swarm နဲ့ Mature Planar Array ဆိုတဲ့ နည်းပညာတွေကို လေ့လာခဲ့ကြတာပါ။ ဒီလိုလေ့လာရာမှာ    ပထမတစ်ခုက နေရောင်ခြည်ရှိရာနေရာဆီ ဆိုလာပြားတွေကို အလိုအလျောက် လှည့်နိုင်စေမယ့်ဒီဇိုင်းဖြစ်ပါတယ်။ သူက တစ်နှစ်လုံးမှာ ၉၉ ရာခိုင်နှုန်းအလုပ်ဖြစ်စေမှာပါ။

အထင်ရှားဆုံးအချက်ကတော့ သူ့ကိုအသုံးပြုရင် စွမ်းအင်သိုလှောင်မှုအတွက် ဘက်ထရီအသုံးပြုရမှုကို ၇၀ ရာခိုင်နှုန်းကျော် လျှော့ချနိုင်ကာ စွမ်းအင်ပိုမို ထုတ်လုပ်ပေးနိုင်တာဖြစ်ပါတယ်။ နောက်တစ်ခုကကျတော့  စွမ်းအင်ထုတ်လုပ်မှု ပမာဏနည်းပါးပါတယ်။

အာကာသဆိုလာပြားစနစ်ရဲ့ အလုပ်လုပ်ပုံက နေမှရတဲ့စွမ်းအင်ကို မိုက်ခရိုဝေ့များအဖြစ်ပြောင်းလဲကာ    မြေပြင်ဆီပို့လွှတ်မှာဖြစ်ပြီး မြေပြင်က အဲဒီမိုက်ခရို ဝေ့စွမ်းအင်တွေကို ပြန်လည်ဖမ်းယူကာ လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲ အသုံးပြုခြင်းဖြစ်ပါတယ်။