နေရောင်ခြည်ကိုမစုပ်ယူဘဲ နေ့ပိုင်းမှာ အပူချိန်လျော့ကျစေမယ့် ဘိလပ်မြေတစ်မျိုးကို တရုတ်တီထွင်

 

နေရောင်ခြည်ကိုမစုပ်ယူဘဲ နေ့ပိုင်းမှာ အပူချိန်လျော့ကျစေမယ့် ဘိလပ်မြေတစ်မျိုးကို တရုတ်တီထွင်

 

      တရုတ်နိုင်ငံမှ သုတေသနပညာရှင်များက ဘိလပ်မြေတစ်မျိုးကို တီထွင်လိုက်ပါတယ်။ အဲဒီဘိလပ်မြေရဲ့ထူးခြားချက်က နေရောင်ခြည်ကို စုပ်ယူခြင်းမရှိတာဘဲဖြစ်ပါတယ်။ နေရောင်ခြည်ကိုမစုပ်ယူဘဲ ပြန့်ကားသွားစေတဲ့အတွက် ဘိလပ်မြေရဲ့ နေ့အပူချိန်ကိုလည်း ၅ ဒသမ ၄ ဒီဂရီစင်တီဂရိတ်အထိလျော့နည်း ကျဆင်းစေတာဖြစ်ပါတယ်။ အရှေ့တောင်ပိုင်းတက္ကသိုလ်မှ သုတေသနပညာရှင်များက ဒီဘိလပ်မြေကို တီထွင်လိုက်တာပါ။

ဒီဘိလပ်မြေဟာ      သူ့ရဲ့ပင်ကိုက ခိုင်ခံ့မှုမြင့်မားပါတယ်။ ပွတ်တိုက်မှုဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါတယ်။ ဒါ့အပြင် အမြင်အားဖြင့်ကြည့်ရတာလည်း တည်ငြိမ်မှုရှိစေတယ်လို့ဆိုပါတယ်။

ဘိလပ်မြေရဲ့သဘောတရားက နေ့ပိုင်းအချိန်မှာ အပူကိုစုပ်ယူထားပြီး အတွင်းပိုင်းမှာ ပူလောင်နေစေပါတယ်။ ညဘက်ရောက်တဲ့အခါ အထဲကအပူငွေ့ကို ထုတ်လွှတ်ပါတယ်။ ဒီလိုအပူလောင်သံသရာစက်ဝန်းကို အခုဘိလပ်မြေကဖျက်လိုက် နိုင်မှာဖြစ်ပါတယ်။ သူ့ကို ဓာတ်ရောင်ခြည် ထုတ်လွှတ်မှု ကာကွယ်တဲ့နေရာမှာလည်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။