သဘာဝနည်းလမ်းထက် အဆ ၃၀ ပိုမြန်စွာ မီသိန်းဓာတ်ငွေ့များကိုစုပ်ယူမယ့် ရေခဲ
စင်ကာပူအမျိုးသားတက္ကသိုလ် (NUS)မှ သုတေသနပညာရှင်များက ရေခဲတစ်မျိုးကိုတီထွင်လိုက်ပါတယ်။ ရေခဲဆိုတာ မီသိန်းဓာတ်ငွေ့တွေကိုစုပ်ယူပြီး သိမ်းဆည်းထားတဲ့အရာတစ်ခုပါ။ အခုသုတေသနပညာရှင်များ ဖန်တီးလိုက်တဲ့ ပြန်သုံးနိုင်သော၊ သဘာဝနည်းဖြင့် ဆွေးမြည့်နိုင်သော အမိုင်နိုအက်စစ်ဖြင့် အဆင့်မြှင့်တင်ထားတဲ့ရေခဲက သဘာဝဓာတ်ငွေ့နဲ့ ဇီဝမီသိန်းဓာတ်ငွေ့တို့ကို ပိုမိုဘေးကင်း၊သန့်ရှင်း၊ ထိရောက်မှုရှိစွာ သိမ်းဆည်းသိုလှောင်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့ဖန်တီးလိုက်တဲ့ရေခဲကတခြားသမားရိုးကျရေခဲတွေနဲ့မတူပါဘူး။အဓိကကွဲလွဲချက်က သဘာဝ ရေခဲတွေနဲ့ နှိုင်းယှဉ်ရင် နှစ်မိနစ်အတွင်းမှာပင် အဲဒီဓာတ်ငွေ့တွေကို ၉၀ ရာခိုင်နှုန်းအထိ စုပ်ယူနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။ သမားရိုးကျနည်းလမ်းနဲ့ နှိုင်းယှဉ်ရင်တော့ သုတေသနပညာရှင်များ တီထွင်လိုက်တဲ့ရေခဲက အဆ၃၀ ပိုမြန်စွာစုပ်ယူနိုင်စွမ်းရှိတာကို တွေ့ရပါတယ်။ သဘာဝဓာတ်ငွေ့နဲ့ ဇီဝမီသိန်းများဆိုတာ ယနေ့ခေတ်စွမ်းအင် ရောစပ်မှုမှာ အရေးကြီးတဲ့အရာတွေဖြစ်ပြီး သူတို့ကိုသိမ်းဆည်းဖို့နဲ့ သယ်ယူပို့ဆောင်ဖို့အတွက် ကုန်ကျစရိတ်များတဲ့ နည်းလမ်းများကို အသုံးပြုနေရတာ ဖြစ်ပါတယ်။
Ref: IE
ကိုထက်
