အမေရိကန်အစိုးရအဖွဲ့ လုပ်ငန်းရပ်ဆိုင်းမှုနောက်ထပ်သီတင်းပတ်တစ်ပတ်ကြာမြင့်နိုင်

အမေရိကန်အစိုးရအဖွဲ့ လုပ်ငန်းရပ်ဆိုင်းမှုနောက်ထပ်သီတင်းပတ်တစ်ပတ်ကြာမြင့်နိုင်

ဝါရှင်တန်၊ ပြည်တွင်းရေး

အမေရိကန်အစိုးရအဖွဲ့၏လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းခြင်းသည်နောက်ထပ်သီတင်းပတ်တစ်ပတ်အထိ ကြာမြင့်နိုင်သည်ဟုသိရသည်။ လက်ရှိတွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ရီပတ်ဘလစ်ကန်ပါတီမှလွှတ်တော်အမတ်များက တင်သွင်းထားသည့် အစိုးရအဖွဲ့အသုံးစရိတ်အတည်ပြုမှုရရှိရေးအတွက် အောက်တိုဘာလ ၃ ရက်တွင် စတုတ္ထအကြိမ်မဲခွဲမှုလုပ်ဆောင်ရန်ပြင်ဆင်နေသည်။

သို့သော် ထိုမဲခွဲမှုသည်လည်း အတည်ပြုနိုင်မည့် အလားအလာမရှိသောကြောင့်အောက်တိုဘာလ ၁ ရက်တွင် စတင်ဖြစ်ပေါ်သည့် အစိုးရအဖွဲ့၏လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းခြင်းသည် နောက်ထပ်သီတင်းပတ်တစ်ပတ်အထိ ကြာမြင့်နိုင်ခြေရှိနေကြောင်း တာဝန်ရှိသူများကပြောသည်။

အစိုးရအဖွဲ့အသုံးစရိတ်နှင့် ပတ်သက်၍ ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်တို့ကြား သဘောထားကွဲလွဲရာမှ အတည်မပြုနိုင်ခြင်းဖြစ်ကြောင်းသိရသည်။    

Ref: BP