ရန်သူရဲ့ဆိုနာထောက်လှမ်းမှုကို ကျော်လွန်ပြီး လိုသလိုလှုပ်ရှား သွားလာနိုင်တဲ့ တရုတ်ရဲ့ရေငုပ်သင်္ဘောများ

 

ရန်သူရဲ့ဆိုနာထောက်လှမ်းမှုကို ကျော်လွန်ပြီး လိုသလိုလှုပ်ရှား သွားလာနိုင်တဲ့ တရုတ်ရဲ့ရေငုပ်သင်္ဘောများ

 

     တရုတ်နိုင်ငံက မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့ စစ်ရေးပြအခမ်းအနားမှာ ခေတ်မီဆန်းပြားတဲ့ စစ်လက်နက်ပစ္စည်းများကိုသာ ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒါတွေထဲမှာ မောင်းသူမဲ့ရေငုပ်သင်္ဘောများလည်း အပါအဝင်ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကရေငုပ်သင်္ဘောများရဲ့ စွမ်းဆောင်ရည်ဟာ ဘယ်လောက်အထိ ရှိတယ်ဆိုတာကို ဘယ်သူမှအတိအကျမသိခဲ့ပါဘူး။ အခုစစ်ပညာဂျာနယ် တစ်စောင်ရဲ့ဖော်ပြချက်အရ အဲဒီရေငုပ်သင်္ဘောများဟာ ရှုပ်ထွေးတဲ့နေရာတွေမှာတောင်မှ အကွေ့အကောက်တွေကို လိုသလိုသွားလာနိုင်စွမ်း ရှိတယ်လို့ဆိုပါတယ်။

အထင်ရှားဆုံးသော စွမ်းဆောင်ရည်တစ်ခုက အသံထုတ်လွှတ်မှုပမာဏဟာ၉၀ ဒက်စီဘယ်အောက်သာ ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ  ရန်သူများရဲ့ ဆိုနာထောက်လှမ်းမှုကို ကျော်လွန်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ရေငုပ်သင်္ဘော အခြေပြုဒုံးကျည်များကိုလည်း တင်ဆောင်ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဒါတင်မကသေးဘဲ အလွှာစုံပါဝင်တဲ့ တိုက်ခိုက်ရေးကွန်ရက်ကိုလည်း ဖန်တီးနိုင်ပါသေးတယ်။