တိုက်ခိုက်ရေးနယ်မြေမှာ အကူအညီကောင်းစွာ ပေးစွမ်းနိုင်မယ့် မောင်းသူမဲ့ အကြီးစား ထရပ်ကားများ

 

တိုက်ခိုက်ရေးနယ်မြေမှာ အကူအညီကောင်းစွာ ပေးစွမ်းနိုင်မယ့် မောင်းသူမဲ့ အကြီးစား ထရပ်ကားများ

 

    အမေရိကန်ကြည်းတပ်အနေနဲ့ မကြာခင်မှာ အကြီးစားထရပ်ကားများကို ပိုင်ဆိုင်ရရှိတော့မှာဖြစ်ပါတယ်။ အဲဒီထရပ်ကားများက သာမန်တော့မဟုတ်ပါဘူး။ အလိုအလျောက်မောင်းနှင်နိုင်စွမ်း ပါဝင်နေပါတယ်။ အဲဒီထရပ်ကားများကို Oshkosh Defense ကုမ္ပဏီက စာချုပ်အသစ်အရ ထုတ်လုပ်ထားတာပါ။

ဒီထရပ်ကားဟာ အကြီးစားသယ်ယူပို့ဆောင်ရေး ယာဉ်တစ်မျိုးဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာ နယ်မြေများမှာ ထောက်ပံ့ရေးပစ္စည်းများနဲ့ လက်နက်ခဲယမ်းများကို တင်ဆောင်ပြီး ပေးပို့နိုင်စွမ်းရှိပါတယ်။ အထူးသဖြင့် စစ်မြေပြင်မှာ ဘယ်လိုအန္တရာယ်ကိုမှမမှုဘဲ သွားလာနိုင်စွမ်းရှိတာကြောင့် တိုက်ပွဲအောင်မြင်မှုအတွက် အထောက်အပံ့ကောင်းများစွာ ပေးစွမ်းနိုင်စေမှာဖြစ်ပါတယ်။

အခုထရပ်ကားအတွက် နည်းပညာကို ကန့်သတ်ထားခြင်းမရှိပါဘူး။ ဆိုလိုတာကအနာဂတ်မှာ ပိုမိုဖွံ့ဖြိုးတိုးတက်လာတဲ့ နည်းပညာတွေကိုပါ ချိတ်ဆက်အသုံးပြုနိုင်အောင် ဖန်တီးထားတာဖြစ်တယ်လို့ Oshkosh Defense ကုမ္ပဏီရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ လက်ရှိမှာတော့ ကုန်ပစ္စည်း အတင်အချကို ထရပ်ကားက ကိုယ်တိုင်လုပ်နိုင်စွမ်း ရှိနေတာတွေ့ရပါတယ်။