နှလုံးရောဂါအစ ကိုလက်စထရောက

 

နှလုံးရောဂါအစ ကိုလက်စထရောက

 

      ကိုလက်စထရောဆိုတာ သွေးထဲမှာစီးဆင်းနေတဲ့ အဆီမော်လီကျူးတွေဖြစ်ပြီး   ခန္ဓာကိုယ်ကိုကောင်း ကျိုးပြုတဲ့ HDL  ကိုလက်စထရောနဲ့ ခန္ဓာကိုယ်ကို ဆိုးကျိုးပေးတဲ့ LDL ကိုလက်စထရောဆိုပြီး နှစ်မျိုး ရှိပါတယ်။   တစ်နည်းအားဖြင့်   ကိုလက်စထရော ဆိုတာ ခန္ဓာကိုယ်ဇီ၀ကမ္မလုပ်ငန်းတွေအတွက်  မရှိ မဖြစ်လိုအပ်တဲ့     အဆီဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့ ပမာဏများသွားရင် ခန္ဓာကိုယ်တည်ဆောက် ရာမှာသာမက     သွေးကြောတွေကိုပါ    အနည်ကျ ပိတ်ဆို့စေပါတယ်။  အထူးသဖြင့်  နှလုံးသွေးလွှတ် ကြောတွေကို   သွေးထောက်ပံ့မှု  ကမောက်ကမဖြစ် စေတာကြောင့် နှလုံးရောဂါအစ ကိုလက်စထရောက လို့ ဆိုနိုင်ပါတယ်။

ကိုလက်စထရောတက်စေတဲ့ အကြောင်းရင်းများ

      သွေးဆုံးပြီးအမျိုးသမီးတွေ၊ မိသားစုမျိုးရိုးထဲမှာ ကိုလက်စထရောများတဲ့   ရာဇဝင်ရှိသူတွေ၊   အဆီ အအိမ့်အစားများပြီး ကိုယ်လက်လှုပ်ရှားမှုနည်းသူ တွေ၊ အ၀လွန်သူတွေနဲ့ ဆေးလိပ်သောက်သူတွေမှာ ကိုလက်စထရောတွေ   တက်လာပါတယ်။  အရွယ်ရောက်ပြီးသူတစ်ယောက်အတွက်  တစ်နေ့ကို ကိုလက်စထရော အများဆုံး  ၃၀၀  မီလီဂရမ်ထက် မပိုသင့်ပါဘူး။

ကိုလက်စထရောကျစေတဲ့အစားအစာများ

    ကိုလက်စထရောမြင့်မားမှုကြောင့် လူကြီးလူငယ် မရွေး  နှလုံးရောဂါဝေဒနာ ခံစားလာကြရပါတယ်။ နှလုံးရောဂါကို အောက်ပါအစားအစာတွေနဲ့ ထိန်း ထားနိုင်ပါတယ်။ 

-        ကွေကာအုတ်ထဲမှာ   ပျော်၀င်လွယ်တဲ့အမျှင် ဓာတ်တွေနဲ့ သဘာ၀ Beta-Glucan ဓာတ်တွေပါရှိ နေပြီး  အဲဒီဓာတ်တွေက  မကောင်းတဲ့ကိုလက် စထရောကိုစုပ်ယူပြီး ခန္ဓာကိုယ်ကနေ ပြန်လည် စွန့်ထုတ်ပေးတာကြောင့်     နံနက်စာအာဟာရ အဖြစ် ကွေကာအုတ်ကို စားပေးသင့်ပါတယ်။

-        အနီရောင်စပျစ်သီးကထုတ်လုပ်တဲ့  ဝိုင်နီတွေ က သွေးအတွင်းက မလိုလားအပ်တဲ့အဆီတွေကို ဖယ်ရှားပေးတာကြောင့်  မကောင်းတဲ့ကိုလက် စထရောတွေကိုလျော့ကျစေပြီး   နှလုံးအဆို့ရှင် တွေပွင့်လာစေပါတယ်။ နှလုံးသွေးကြောပိတ်ဆို့ ခြင်းကြောင့်   ဖြစ်ပေါ်စေတတ်တဲ့    နှလုံးရောဂါ အမျိုးမျိုးနဲ့    လေသင်တုန်းဖြတ်ခြင်းတို့ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

-        ငါးသလောက်၊ ဆယ်လ်မွန်ငါး၊ တူနာငါး၊ ငါး သေတ္တာ စတဲ့ပင်လယ်ငါးအမျိုးမျိုးမှာ Omega-3 Fatty acid တွေပါရှိနေတာကြောင့် ခန္ဓာကိုယ်ထဲ မှာရှိတဲ့ ကောင်းတဲ့ကိုလက်စထရောကိုမြှင့်ပေး ပြီး   မကောင်းတဲ့ကိုလက်စထရောကို   လျှော့ချ ပေးပါတယ်။ ဒါ့ပြင် Omega-3 Fatty acid တွေက နှလုံးရောဂါနဲ့ ဦးနှောက်ဇရာအကြိုရောဂါတွေကို ကာကွယ်ပေးပါတယ်။

-        သစ်ကြားသီး၊ ဗာဒံစေ့ စတဲ့ အစေ့အဆန်တွေ မှာ Polyunsaturated(ခေါ်)သွေးထဲမှာ ကိုလက် စထရောတွေ မစုဝေးနိုင်အောင် ပြုပြင်ပေးတဲ့ သဘာ၀ဓာတုဓာတ် တစ်မျိုးပါရှိနေတာကြောင့် ကိုလက်စထရောကျစေတဲ့ အကောင်းဆုံးအစား အစာတွေဖြစ်ပါတယ်။

-        ပဲတောင့်ရှည်၊   ဗိုလ်စားပဲ   စတဲ့ အစိမ်းရောင် ပဲအမျိုးမျိုးက  အမျှင်ဓာတ်များပြီး  ပရိုတင်း ဓာတ်လည်း   အပြည့်အ၀ပါရှိပြီး   အဆီပါ၀င်မှု နည်းပါးတာကြောင့် နှလုံးရောဂါရှိသူတွေစားပေး သင့်ပါတယ်။   အရီဇိုးနားတက္ကသိုလ်မှ    ဆေး သုတေသီတွေရဲ့   လေ့လာဆန်းစစ်ချက်တွေအရ နေ့စဉ်    အစိမ်းရောင်ပဲသီး တစ်ခွက်စာပမာဏ ပုံမှန်စားသုံးသူ တစ်ယောက်က   သွေးထဲမှာရှိတဲ့ ကိုလက်စထရော  ၈  ရာခိုင်နှုန်းအထိ  ကျဆင်းသွားစေကြောင်း၊ ခန္ဓာကိုယ်က ကိုလက်စထရော စုပ်ယူမှုကို နှေးကွေးလာအောင်ကူညီပေးကြောင်း၊ တခြားပဲမျိုးနွယ်၀င်တွေဖြစ်ကြတဲ့   ပဲကတ္တီပါနဲ့  ထောပတ်ပဲတွေကလည်း ကိုလက်စထရောကျစေ တဲ့အစားအစာတွေဖြစ်ကြောင်း   အကြံပြုထားပါ တယ်။

-        လက်ဖက်စိမ်းရွက်     (လက်ဖက်ရည်ကြမ်း) တစ်နေ့တစ်ခွက်  ပုံမှန်သောက်ပေးခြင်းဖြင့် သွေးတွင်းမှာ ရှိတဲ့အဆီတွေကို လျှော့ချပေးတာ ကြောင့်    မကောင်းတဲ့ ကိုလက်စထရောတွေကို အလိုလိုဖယ်ရှားရာ ရောက်ပါတယ်။ ဒါ့ပြင် ကင်ဆာ ရောဂါတော်တော်များများကို   ကာကွယ်ပေးရုံ သာမက အရွယ်တင်နုပျိုစေပါတယ်။

-        အညိုရောင်ချောကလက်ထဲမှာပါတဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေက သွေးထဲမှာရှိတဲ့ ကောင်းတဲ့ ကိုလက်စထရောတွေကို တိုးပွားစေနိုင်လို့ အရွယ် သုံးပါးမရွေး       ချောကလက်ဖျော်ရည် ပူပူလေး သောက်ပေးသင့်ပါတယ်။

-      ထောပတ်တွေက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာဖြစ်ပေမယ့်  မာဂျရင်းကတော့   အပင်ကရတဲ့ သဘာ၀ဆေးဖက်၀င် စတီရောနဲ့ပြုလုပ် ထားတာကြောင့်    သွေးထဲမှာရှိတဲ့     ကိုလက်စထရောကို ၃ ဒသမ ၅ ရာခိုင်နှုန်းလျော့ပါးစေပါ တယ်။

-        ဟင်းနုနယ်ရွက်က  သွေးတွင်းကိုလက်စထရော ကျစေတဲ့   အကောင်းဆုံးသဘာ၀ အစိမ်းရောင်ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။ အဲဒီထဲမှာပါရှိတဲ့ လူတိန်းဓာတ်က သွေးလွှတ်ကြောနံရံမှာ ကိုလက် စထရောတွေစုပြုံနေတာကို ကာကွယ်ပေးနိုင်ပါ တယ်။

-        ထောပတ်သီးထဲမှာ   နှလုံးကိုကျန်းမာစေတဲ့ သဘာ၀မပြည့်ဝဆီတွေ အလုံအလောက်ပါရှိနေ ပါတယ်။ မပြည့်ဝဆီတွေက သွေးတွင်းမကောင်း တဲ့ကိုလက်စထရောတွေကို    လျော့နည်းစေတဲ့အပြင်   ခန္ဓာကိုယ်မှ     ကိုလက်စထရောစုပ်ယူမှုကိုပါ လျော့နည်းအောင် ပံ့ပိုးပေးတာကြောင့်  ထောပတ်သီး မကြာခဏစားပေးသင့်ပါတယ်။

-        ကြက်သွန်ဖြူက သွေးထဲက  ကိုလက်စထရော တွေကို ချပေးပါတယ်။   သွေးကြောနံရံတွေမှာ သွေးခဲပိတ်ဆို့အနည်ကျခြင်းကို   ကာကွယ်ပေးတာကြောင့်  နှလုံးသွေးကြောကျဉ်းရောဂါမဖြစ် စေပါဘူး။  ဒါ့ပြင်  သွေးပေါင်ကျခြင်းနဲ့   ပြင်ပကူးစက်ရောဂါပိုးတွေ အလွယ်တကူ၀င်မလာ နိုင်အောင် တိုက်ထုတ်ပေးတာကြောင့်  စားပေးသင့်ပါတယ်။

-        သံလွင်ဆီထဲမှာ ကျန်းမာရေးကို ကောင်းကျိုး ပြုတဲ့ မပြည့်၀ဆီတွေပါရှိနေတာကြောင့် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောတွေကို တိုက်ထုတ်ပေးပါတယ်။ သံလွင်ဆီက နှလုံးကိုကျန်းမာစေတဲ့ အပြင်  ဝမ်းဗိုက်ကအဆီတွေကိုပါ   ချပေးနိုင်ပါ တယ်။

ကိုလက်စထရောတက်သူများ ရှောင်သင့်တဲ့အစားအစာများ

-        အနီရောင်အသားတွေထဲမှာ ပြည့်၀ဆီတွေပါနေ လို့ အသားကို လျှော့စားသင့်ပါတယ်။

-        အဆီပါတဲ့နွားနို့တွေက   မကောင်းတဲ့ကိုလက် စထရောကို     အလွန်အမင်း မြင့်တက်စေတာ ကြောင့် အဆီမပါတဲ့ နို့၊ ဒိန်ချဉ်တွေကို သောက် သင့်ပါတယ်။

-        ကြက်ကြော်တွေက ကိုလက်စထရောတက်စေ လို့   ကြက်ကြော်စားမယ့်အစား   ကြက်ကင်ကို စားသင့်ပါတယ်။

-        အသုံးပြုထားပြီးတဲ့  ဆီအဟောင်းတွေကို အကြိမ်ကြိမ်ပြန်မကြော်ပါနဲ့၊    ဒါ့ပြင်   အဲဒီအသုံးပြု ပြီးတဲ့ဆီတွေနဲ့   အကြိမ်ကြိမ်ပြန်ကြော်ထားတဲ့ အီကြာကွေး၊ စမူဆာ၊ ငါးကြော်၊ အကြော်စုံတို့ကို လုံး၀မစားသင့်ပါဘူး။

အချုပ်အားဖြင့်ဆိုရသော်ကိုလက်စထရော ပြဿနာများအတွက် အထက်ဖော်ပြပါအစား အသောက်ကုထုံးတွေက  အရေးပါသလို ကျန်းမာရေး နဲ့ညီညွတ်မျှတစွာ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ် ခြင်း၊အထိုင်လျှော့ခြင်းအပြင် ကိုယ်အလေးချိန် လျှော့ပြီး  ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းကြဖို့လည်း လိုအပ်ပါတယ်။  ဒါမှသာ   မကောင်းတဲ့ ကိုလက်စထရောတွေက    နှလုံးသွေးကြောထဲမှာ   အနည်မကျနိုင်တော့ဘဲ နှလုံး၊ လေငန်းနဲ့ ဆီးချိုရောဂါ တို့မှကင်းဝေးပြီး    သက်ရှည်ကျန်းမာစွာ    နေထိုင်နိုင်မည်ဖြစ်ကြောင်း   အကြံပြုရေးသား လိုက်ရပါတယ်။ 

 ပေါက်ပေါက်