နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းအဝိုင်းအနီး၊ ပျဉ်းမနား-တောင်ညို ကားလမ်းမပေါ်၌ ဆူပူဆန္ဒပြသူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်း

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၈

   

လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများဖြစ်ပေါ်လျက် ရှိပြီး နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်ပျက်ပြား စေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ကိုထုတ်ပြန်၍ လူ ဦး သို့မဟုတ် ဦးထက်ပို၍ လူစုဝေးခြင်း မပြုရန် တားမြစ်ချက်များအား ထုတ်ပြန်ထားပြီး ဖြစ်သည်။

   

ထိုသို့ထုတ်ပြန်ထားရှိသော်လည်း နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းအဝိုင်းအနီး၊ ပျဉ်းမနား-တောင်ညိုကားလမ်းပေါ်၌ လူအင်အား ၂၀၀ ဦးခန့် ပါဝင်သော ဆူပူဆန္ဒပြသူများသည်  ယနေ့နံနက် နာရီခွဲခန့်မှစတင်၍ မိုးကာတဲများထိုး၍ သပိတ်စခန်းဖွင့်လှစ်ကာ လက်ကိုင်အသံချဲ့စက်များဖြင့် ဟောပြောစည်းရုံးခြင်း၊ ကြွေးကြော် သံများကြွေးကြော်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

   

ယင်းသို့ လုပ်ဆောင်လျက်ရှိရာ ပတ်ဝန်းကျင်နေသူများအား စိတ်အနှောင့်အယှက် ဖြစ်စေခြင်း၊ လမ်းကြောင်း ပိတ်ဆို့ခြင်းများ ဖြစ်ပေါ်လျက်ရှိသဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတို့မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက လူစုခွဲရန် အကြိမ်ကြိမ်မေတ္တာရပ်ခံ ပြောဆို ခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ လမ်းမအလယ်တွင် ဆူပူဆန္ဒပြလျက်ရှိသည်။

   

ထိုသို့ဆောင်ရွက်လျက်ရှိသဖြင့် ဆူပူဆန္ဒပြသူများသည် မွန်းလွဲပိုင်းအထိ လူစုခွဲခြင်း မရှိသဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ဆူပူအကြမ်းဖက်မှုဖြိုခွဲရေး လုပ်ငန်းစဉ်များအတိုင်း ဥပဒေနှင့်အညီ ဆန္ဒပြလူအုပ်ကြီးအား လူစုခွဲနိုင်ရေး လုပ်ငန်းစဉ်များအတိုင်း အဆင့်ဆင့် ဆောင်ရွက်ခဲ့ရာ ဆူပူဆန္ဒပြသူများက လေးခွများ၊ ကျောက်ခဲ၊ အုတ်ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ပြင်းထန်စွာထိခိုက်ဒဏ်ရာ ရစေနိုင်သော ကုန်းသီးတို့ဖြင့် ပစ်ခတ်ခြင်းများ စသည့် အကြမ်းဖက် လှုပ်ရှားမှုများ ပြန်လည်လုပ်ဆောင်ခဲ့ပြီး မွန်းလွဲ နာရီခန့်တွင် လူစုကွဲခဲ့ကြောင်း သိရှိရသည်။

   

အဆိုပါ ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာ ရရှိသူမရှိကြောင်း၊ အကြမ်းဖက်လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြသူများအနက် ၄၄ ဦးကို ၎င်းတို့၏ အသုံးအဆောင်ပစ္စည်း များနှင့်အတူ ဖမ်းဆီးထိန်းသိမ်း ထားရှိကြောင်းနှင့် ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။