လူမှုကွန်ရက်စာမျက်နှာများပေါ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မန္တလေးတိုင်းဒေသကြီး၊ ဗီနိုင်းနောက်ခံဖြင့် CDM ပုံစံပြုလုပ် နေသည့် ရဲတပ်ဖွဲ့ဝင်များမှာ ခွင့်မဲ့ပျက်ကွက်ဖြင့် ထွက်ပြေး တိမ်းရှောင်နေသူများသာဖြစ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၉

 

မြန်မာနိုင်ငံ၊ အချို့မြို့များတွင် ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိပြီး ၎င်းဆန္ဒပြမှုများတွင် မန္တလေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အချို့ပူးပေါင်းပါဝင်လာကာ CDM ပြုလုပ်လာကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် ဖြန့်ချိလျက် ရှိကြောင်း တွေ့ရှိရ သည်။

အဆိုပါ ရဲယူနီဖောင်းများဝတ်ဆင်၍ CDM ပုံစံပြုလုပ်နေသူများမှာ ကိုယ်ပိုင်အမှတ်၊လ ၂၂၉၉၂၉ ရဲဒုတပ်ကြပ် မြင့်သူအောင် ဦးစီးသည့် ၇ ဦးဖြစ်ပြီး ၎င်းတို့အနေဖြင့် ဖေဖော်ဝါရီ ၁၄ ရက်နှင့် ၁၇ ရက်တို့တွင် တာဝန်ထမ်းဆောင်ချိန်များ၌ ၎င်းတို့တာဝန် ထမ်းဆောင်သည့် တာဝန်ကျရာ နေရာအသီးသီးမှ လက်နက်မဲ့ခွင့်မဲ့ ပျက်ကွက်မှုများ ကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူများ ဖြစ်ကြောင်း သိရသည်။

၎င်းထွက်ပြေးတိမ်းရှောင်နေပြီး ခွင့်မဲ့ပျက်ကွက်ဖြစ်ပွားနေသူများအား အမြန်ဆုံး ပြန်လည်ဖမ်းဆီးရမိရေး သက်ဆိုင်ရာမှ ဆောင်ရွက်လျက် ရှိကြောင်းနှင့် တွေ့ရှိပါက သက်ဆိုင်ရာသို့ အသိပေးအကြောင်းကြားပေးပါရန်နှင့် လက်ခံထားရှိပြီး ပါဝင်ပတ်သက်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များအနေဖြင့် နိုင်ငံအတွင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားမှု မရှိစေရေး လုံခြုံရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ နေ့ညမပျက် ဆောင်ရွက်လျက်ရှိပြီး ဆူပူဆန္ဒပြမှုများ၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်အောင် လုပ်ဆောင်နေမှုများတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်နေသည်ဟု အထင်အမြင်လွဲမှားစေရန် ပြုမူဝါဒဖြန့်ချိမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။