ပိုင်ကျုံမြို့ရှိတောင်သူများ စျေးကွက်ဝင်သီးနှံအဖြစ် ဝဥတစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိ
Submitted by kaytumadi on Mon, 07/22/2024 - 10:08
ပိုင်ကျုံမြို့ရှိတောင်သူများ စျေးကွက်ဝင်သီးနှံအဖြစ် ဝဥတစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိ
ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့ ၌ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအပြင် တောင်သူများအနေဖြင့် ဝဥစိုက်ပျိုးရေး လုပ်ငန်းကို စျေးကွက်ဝင်သီးနှံအဖြစ် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဝဥပင်များသည် သဘာဝအလျောက် ပေါက်ရောက်သော အပင်မျိုးဖြစ်ပြီး ယခုအခါ သဘာဝအပင်များ ရှားပါးလာသည့်အတွက် မိသားစုအပိုဝင်ငွေ ရရှိနိုင်ရန် အိမ် ခြံမြေဝင်းအတွင်း၌ သော် လည်းကောင်း၊ ဥယျာဉ်ခြံမြေများ၌ သော် လည်းကောင်း သီးညှပ်စိုက်ပျိုးကြောင်း သိရသည်။