ခရမ်းသီးစိုက်ပျိုးခြင်းနှင့်ကျန်းမာရေး
Submitted by admin_webportal on Wed, 07/09/2025 - 20:08
ခရမ်းသီးစိုက်ပျိုးခြင်းနှင့်ကျန်းမာရေး
မြန်မာနိုင်ငံတွင် မြို့ပြနှင့်ကျေးလက်များပါမကျန် ဟင်းသီးဟင်းရွက်များကို အမြတ်တနိုး စားသုံးလေ့ရှိကြသည်။ ဟင်းသီးဟင်းရွက်ကို ချက်ပြုတ်ကြော်လှော်၍ လည်းကောင်း၊ သရေစာအဖြစ်လည်းကောင်း နေရာဒေသအလိုက် အမျိုးမျိုးပြုပြင် ဖန်တီးစားသောက်ကြလေ့ရှိသည်။
ထိုဟင်းသီးဟင်းရွက်အမျိုးမျိုးရှိသည့်အနက် အာဟာရဓာတ်မျိုးစုံပါဝင်ပြီး ဆေးဖက်လည်းဝင် ထမင်းမြိန်ပြီး လူမျိုးမရွေးကြိုက်နှစ်သက်သော ခရမ်းသီးပင်နှင့်ပတ်သက်၍ တင်ပြလိုသည်။
