အသိဉာဏ်နှင့် ဆင်ခြင်တုံတရား

ရန်ကုန်မြို့ပတ်ရထားပေါ်၌ ရထားရဲတပ်ဖွဲ့ဝင်များအား လုပ်ကြံသတ်ဖြတ်မှုတွင် စီစဉ်ပါဝင်ခဲ့သူ မြတ်ဖြိုးပွင့်၏ ဝန်ခံပြောကြား ချက်ကို စက်တင်ဘာ ၇ ရက် ညတွင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့ပြီးစက်တင်ဘာ ၈ ရက်နေ့ထုတ်သတင်းစာများတွင် ထပ်မံ ဖော်ပြပေးထားသည်။ အချိန်လွန်မှရရှိသော အသိနောင်တသည် ဝမ်းနည်းဖွယ်ကောင်းလှသည်မှအပ အကျိုးမရှိတော့ပေ။ တစ်စုံ တစ်ခုကိုပြုလုပ် ဆောင်ရွက်တော့မည်ဆိုလျှင် မလုပ်ခင်ကတည်းက အသိဉာဏ်နှင့် ဆင်ခြင်တုံတရားထားရှိကာ ဘက်ပေါင်းစုံ ရှုမြင်သင့်သည်။ အမှန်ကန်ဆုံးသောစကားတစ်ခွန်းဆိုရလျှင် NLD ပါတီနှင့် ဆက်နွှယ်မိသူတိုင်းသည် မည်သည့်နည်းနှင့်မျှ လူကောင်းဖြစ်မလာတော့ပါ။ တရားခံပြေး ဇော်ဝေစိုး၊ ရည်မွန်၊ ဆာဆာ၊ မင်းကိုနိုင်မှသည် NLD ပါတီဝင် လွှတ်တော်အမတ် ဟောင်းတို့သည်လည်း လူကောင်းဖြစ်မလာတော့ပါ။ အကြမ်းဖက်အဖွဲ့အစည်းမှ အကြမ်းဖက်သမားများအဖြစ် ပုန်းလျှိုးကွယ်လျှိုး နေထိုင်ကာ လူငယ်များကို လေလှိုင်းပေါ်မှ မြှောက်ပင့်သွေးထိုးနေရုံမျှလွဲ၍ ထူးခြားမလာပါ။

ဖမ်းဆီးရမိတရားခံ မြတ်ဖြိုးပွင့် (ခေါ်) ဂျိုကာ၏ ဝန်ခံပြောကြားချက်တွင် ရဲတပ်ဖွဲ့ဝင်များ သေဆုံးဓာတ်ပုံများကို မြင်တွေ့ရသည်။ “သွေးတွေကိုမြင်ရတယ်။ ကျွန်မအနေနဲ့ သူတို့ကို သနားမိတယ်။ ကျွန်မရဲ့ ဖြစ်တည်မှုကို ကျွန်မက အဓိပ္ပာယ်မရှိဘူးလို့ ခံစားရတဲ့ အတွက်ကြောင့် အဖွဲ့ကထွက်ချင်တယ်။ အဲ့အတွက် ကျွန်မအဖွဲ့က ထွက်တော့မှာဆိုပြီး ကောင်းပြည့်စုံ(ခေါ်) ကောင်းပြည့်ကို ပြောမိ ပါတယ်။ ထွက်ရင်သတ်ပစ်မှာဆိုပြီး သူကပြန်ပြောပါတယ်”။ ဤသည်ကို ကြည့်ခြင်းအားဖြင့် လူငယ်များစွာတို့၏ အနာဂတ်ကို NLD ပါတီနှင့်ဆက်နွှယ်သူ အကြမ်းဖက်သမားများက ဖျက်ဆီးနေကြောင်း ထင်ထင်ရှားရှားမြင်ရပေမည်။ မြတ်ဖြိုးပွင့်အနေဖြင့် တရား ဥပဒေလက်တွင်းသို့ သက်ဆင်းလိုက်ရသည်ပင် သူ့အတွက် အသက်ရှင်ခွင့်ရခြင်း ဖြစ်ပေလိမ့်မည်။

မြတ်ဖြိုးပွင့်ကဲ့သို့ နောင်တရနေသော လူငယ်လူရွယ်များစွာ ရှိပေလိမ့်မည်။ သူတို့သည်လည်း သတ်ပစ်ခံရမည်ကို ကြောက်နေ၍ ဖြစ်ပေမည်။ စက်တင်ဘာ ၇ ရက်နေ့က သဲကုန်းမြို့၊ ဆင်တဲကုန်းကျေးရွာရှိ ကြက်မွေးမြူရေးခြံဝင်းအတွင်း လက်လုပ်ရီမု မိုင်းစမ်းသပ်ပြုလုပ်စဉ်ပေါက်ကွဲမှုဖြစ်ပြီး တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရရှိသတင်းတွင် ရန်ကျော် (၂၄ နှစ်) မှာ နေရာတွင် သေဆုံးခဲ့သည်။ ဇင်လင်းထက် ၂၄ နှစ်နှင့်ကြက်ခြံပိုင်ရှင် အုန်းဟန် ၃၇ နှစ်တို့မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ လက်လုပ်မိုင်း ငါးလုံး၊ ဒီတိုနေတာ၃၀ ခု၊ ယမ်းကြိုး(အမြန်) ၂၇ မီတာနှင့် ဖောက်ခွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်။ မကောင်းမှုပြုသူအတွက် အကုသိုလ်ကံသည်ထက်ကြပ်မကွာလိုက်ပါခြင်းဖြစ်သည်။

လူငယ်လူရွယ်အချို့တွင် အသိဉာဏ်နှင့်ဆင်ခြင်တုံတရားကင်းမဲ့လာသောအခါ လုံးဝ(လုံးဝ)မလုပ်သင့်သော အဖျက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဟန့် တားနိုင်ရေးအတွက် ကာကွယ်ဆေးများရရှိရေးနှင့် ရောက်ရှိလာသော ကာကွယ်ဆေးများအားပြည်သူလူထုထံ အမြန်ဆုံးရောက်ရှိ ထိုးနှံနိုင်ရေး အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိသည်။ NUG၊ PDF အကြမ်းဖက်အဖျက်သမားများနှင့် ၎င်းတို့မှ အခကြေးငွေပေးပြီး ခိုင်းစေခံရသူများက အဆိုပါကာကွယ်ဆေးထိုးနှံနေသူများကို နှောင့်ယှက်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဗုံးခွဲခြင်းများ နေရာအနှံ့ ဆောင်ရွက်နေသည်။

စက်တင်ဘာ ၆ ရက်တွင် ပြည်မြို့၊ သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိစဉ် အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားသည်။ တရားခံများ အားလိုက်လံဖမ်းဆီးခဲ့ရာ ဇော်လင်းထက် ၃၀ နှစ်၊ မျိုးမင်းထက် ၁၉ နှစ်၊ ရန်ပိုင်ဖြိုး ၁၉ နှစ်တို့နှင့်အတူ လက်လုပ်မိုင်း ပြုလုပ်သူ ဇော်လင်းထက်၏ဇနီး ဟေမာနိုင်တို့ကိုဖမ်းဆီးရမိခဲ့သည်။ ထွက်ပြေးလွတ်မြောက်သွားသူနှစ်ဦးအား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနေသည့်နေရာရှိ လူနှင့်အဆောက်အအုံ တစ်စုံတစ်ရာထိခိုက်မှုမရှိသည့်အတွက် ဝမ်းသာရပါသည်။

NUG၊ CRPH၊ PDF အကြမ်းဖက်အုပ်စုများအနေဖြင့် ပြည်သူလူထု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေစဉ် နှောင့်ယှက် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဗုံးခွဲခြင်းများ (၁၉) ကြိမ်အထိ လူမဆန်စွာကျူးလွန်ခဲ့ပြီးဖြစ်သည်။ ပြစ်မှုကျူးလွန်၍ ဖမ်းဆီးရသူများတွင် အများဆုံးတွေ့မြင်ရသည်မှာ လူငယ်လူရွယ်များသာဖြစ်သည်။ လူငယ်လူရွယ်များအနေဖြင့် ငွေကြေးရ၍ဖြစ်စေ၊ မိမိတို့ကိုယ်တိုင်၏ စိတ်ခံစားချက်ကြောင့်ဖြစ်စေ အပြစ်မဲ့ပြည်သူများအား ရက်ရက်စက်စက်သတ်ဖြတ်နေခြင်းသည် မကောင်းမှု ပြုလုပ်နေခြင်း ဖြစ်သည်။ အကျိုးမရှိသော လုပ်ရပ်များသာ ဖြစ်သည်။ မြို့နယ်အချို့ရှိ ဆက်သွယ်ရေးတာဝါတိုင်များအား ဖျက်ဆီးနေခြင်းမှာလည်း ပြည်သူလူထု၏ သတင်းသိရှိမှုကို ပိတ်ပင်တားဆီးခြင်းဖြစ်သည်။ မည်သို့မျှ ကောင်းကျိုးမရှိသော အဖျက်လုပ်ရပ်များ လုပ်ဆောင် နေခြင်းဖြစ်ပေရာ ပြစ်မှုတစ်ခုကျူးလွန်ပြီးမှ နောင်တရနေခြင်းထက် ပြစ်မှုမကျူးလွန်ခင်မှာ အသိဉာဏ်နှင့်ဆင်ခြင်တုံတရား ထားရှိကြရန် တိုက်တွန်းရေးသားလိုက်ရပေသည်။    ။