ပညာပြည့်ဝ ကျန်းမာကြဖို့ စည်းကမ်းနှင့် အညီ နေကြစို့

အယ်ဒီတာ့အာဘော် (၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင် ၂၉ ရက်) ၂ဝ၂ဝ ပြည့်နှစ် ဇူလိုင် ၂၁ ရက် နံနက်ပိုင်းမှစတင်၍၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ်အတွက် အခြေခံ ပညာ အထက်တန်း ကျောင်းများကို ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ COVID-19ရောဂါကြိုတင် ကာကွယ်ရေး ညွှန်ကြား ချက်များ နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအတွင်းသို့ မဝင်ရောက်မီ ကိုယ်အပူ ချိန်တိုင်း တာခြင်း၊ နှာခေါင်းစည်းများ ဖြန့်ဝေခြင်း၊ လက်ဆေး ဘေစင်များဖြင့် စနစ်တကျ လက်ဆေးခြင်းများ ပြုလုပ်ပြီး ကျောင်းသား၊ ကျောင်းသူများ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင်ထားရှိကာ သင်ကြားရေး ဆောင်ရွက်ရခြင်း ဖြစ်ပေသည်။ စာသင်ချိန်ပြီးဆုံး၍ ကျောင်းမှပြန်လည် ထွက်ခွာလျှင်လည်း သတ်မှတ်ထားသည့် အတိုင်း တစ်ဦးနှင့် တစ်ဦး ခြောက်ပေခြား တန်းစီ၍ သွားလာကြရသည်။ COVID-19ကမ္ဘာ့ကပ်ရောဂါ ကျရောက်မှုသည် ကမ္ဘာကြီး၏လက်ရှိ အခြေအနေများကို အကောင်းမှ အဆိုး ဘက်ဆီသို့ တွန်းပို့ပေးသကဲ့သို့ဖြစ်သွားသည်။ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့ ကပ်ရောဂါကျရောက်မှု ဒဏ်ကို အထိုက် အလျောက်ကြုံတွေ့လျက်ရှိသည်။ တပ်မတော်သည် COVID-19 ရောဂါကြိုတင် ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကဏ္ဍပေါင်းစုံမှာ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်လျက်ရှိသည့် အတွက်  မြန်မာနိုင်ငံ၏ အခြေအနေသည်  ဆိုးလွန်းသော အခြေအနေ မရောက်ခြင်းဖြစ်သည်။ COVID-19 ကြောင့် အလုပ် သမား၊ လယ်သမား၊ ကုန်သည်ပွဲစား၊ ရဟန်းရှင်လူနှင့်ကျောင်းသားများ အခက်အခဲကြုံတွေ့ နေရသည်။ ကျောင်းသားများ ဆိုလျှင်လည်း ကျောင်းဖွင့်ချိန်သည် နှစ်စဉ် ဇွန် ၁ရက်ဖြစ်သည်။ COVID-19 ကြောင့် နှစ်စဉ် ဖွင့်သည့် ရက်တွင် ကျောင်းများ မဖွင့်နိုင်ခဲ့ပေ။ ယခုဖွင့်လှစ်သည့် အထက်တန်းကျောင်းများ အနေဖြင့်လည်း သတ်မှတ် စည်းကမ်းနှင့် စနစ်တကျ ဖွင့်လှစ်ရခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် ပညာရေးဖွံ့ဖြိုး တိုးတက်မြင့်မားမှုသည်လည်း တစ်ခု ပါဝင်လေရာ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရေး အတွက် မိဘ၊ ဆရာများက ပူးပေါင်းပါဝင် ဆောင်ရွက်ရမည် ဖြစ်သည်။ ကျောင်းသားများ ကျောင်းတက်မှန်၍ စာသင်ချိန် ဇယားအတိုင်း ပုံမှန်အတန်းဝင်သင်ကြားသင်ယူ ပေး ရန်မှာ ဆရာများ၏တာဝန်ဖြစ်သလို လိုက်နာမှတ်သားသင်ယူရန်မှာ ကျောင်းသား၊ ကျောင်းသူတို့တာဝန် ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများအား ပူးပေါင်းဆောင်ရွက်တတ်၍ တာဝန်ယူ တာဝန်ခံဆောင်ရွက် တတ်သော တီထွင်ကြံဆ နိုင်စွမ်းရှိသည့် လူကောင်းများ ဖြစ်လာစေရန် ကျောင်းတက် မှန်ကန်ရေး၊ အိမ်စာများကို နေ့စဉ်လုပ်ဆောင်ရေး၊ သင်ယူတတ်မြောက်မှု အရည်အသွေး ကောင်းမွန်ရေးအတွက် မိဘများနှင့် ပူးပေါင်း ဆောင်ရွက် ရမည်ဖြစ်သည်။ ကျောင်းမှန်မှန် တက်စာမခက် ဆိုသကဲ့သို့ ကျောင်းမှန်မှန်တက်ရန် လိုအပ်သလို စာကိုလည်းကြိုးစား သင်ယူရန် လိုအပ်ပေသည်။ ယခုအခါ လိုအပ်ချက်တစ်ခု တိုးလာသည်မှာ ကျန်းမာရေး ကောင်း မွန် နေရန်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူတိုင်း ကျန်းမာရေးကောင်းမွန်နေရန်မှာ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး၏ အခြေခံဖြစ်သော လက်ကိုရေနှင့်ဆပ်ပြာအသုံးပြု၍ စက္ကန့် ၂ဝ ကြာအောင် စနစ်တကျမကြာ ခဏဆေး ကြော ရန်ဖြစ်သည်။ လက်မသန့်ရှင်းလျှင် ရောဂါပိုးကူးစက်လွယ်သည်။ လက်သည် အမှတ်တမဲ့ဖြင့် နှာခေါင်း၊ ပါးစပ်၊ မျက်လုံးများကို ကိုင်မိတတ်သည်။ လက်ကိုဆေးကြော ထားသောအခါ ကိုင်မိလျှင်လည်း စိတ်ပူစရာ မလိုပေ။ သို့သော် လက်ဖြင့် နှာခေါင်း၊ ပါးစပ်၊ မျက်လုံးများမကိုင်ရန် သတိပြုခြင်းသည် ရောဂါ မဖြစ်အောင် ကာကွယ်ခြင်းဖြစ် သည်။ လက်ကိုဂရုစိုက်သလို ပါးစပ်နှင့် နှာခေါင်းကိုလည်း ဂရုစိုက်ရပေမည်။ ရောဂါပိုးသည် လေထဲမှ တစ်ဆင့် ကူးစက်ခြင်းဖြစ်ပေရာ ပါးစပ်နှင့် နှာခေါင်းကို Mask တပ်ဆင်သွားလာကြရ မည်။ လိုအပ်ပါက မျက်နှာအကာ (Face Shield) တပ်ဆင်ကြရမည်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိကိုယ်ကို အထူးဂရုစိုက် နေရမည့်အပြင် မိဘ၊ ဆရာများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို မျက်ခြည်မပြတ် ကြည့်နေကြရမည်ဖြစ်သည်။ နှာစေး၊ ချောင်းဆိုး၊ ကိုယ်အပူချိန် မြင့်မားလျှင် ကျောင်းသို့မ သွားဘဲ မိမိတို့၏ မိဘအုပ်ထိန်းသူများကို ပြောပြကာ နီးစပ်ရာ ကျန်းမာရေး ဆေးခန်း၊ ဆေးရုံသို့ သတင်းပို့၍ ဆေးကုသမှု ခံယူရပေမည်။ ဃဥဠှီု-၁၉ ကြောင့် ပညာသင်ကြား ရေးတွင် အခက်အခဲ ရှိသော်လည်း ကျောင်းသားနှင့် ပညာရေး အလှမ်းမဝေးရအောင် ကျောင်းများ ဖွင့်လှစ်ခြင်းဖြစ်သည်။ အခြေအနေကောင်းမွန်လာသည်နှင့်အမျှ အလယ်တန်းနှင့် မူလတန်းများကို ဆက်လက် ဖွင့်မည်ဖြစ်သည်။ ယခုနှစ်ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှုမြင်ကွင်းသည် ယခင်နှစ်များနှင့်မတူဘဲ ကျောင်းချိန် အတွင်း ပညာသင်ကြားမှု ပုံစံ၊ မုန့်စား၊ ထမင်းစားနားချိန်၊ ကျောင်းဆင်းချိန်တို့တွင် လူစုလူဝေး မဖြစ်အောင် အားလုံးက လိုက်နာ လုပ်ဆောင်ကြရသည်။ မိဘနှင့် ဆရာများ ပူးပေါင်းဆောင်ရွက်မှု ရှိမှသာ ကျောင်းသားများ၏ ပညာရေး ရည်မှန်းချက် အောင်မြင်မည်ဖြစ်သည်။ ပညာပြည့်ဝ၊ နှလုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ် ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊ ပြီးနိုင်စွာ၏ ဆိုထားသည့်အတိုင်း ပညာပြည့်ဝ ကျန်းမာကြဖို့ စည်းကမ်းနှင့် အညီနေကြစို့ ဟူ၍ တိုက်တွန်းရေးသား လိုက်ရပေသည်။   ။