ဆောင်းပါးများ

နည်းလမ်းမှန်သော အကောင်းမြင်စိတ်ဖြင့် နေ့စဉ်နေထိုင်ခြင်း

အကောင်းမြင်ဝါဒ (Optimism)နှင့် အဆိုးမြင်ဝါဒ (Pessimism) ဆိုသည့် ဝါဒနှစ်ခုလုံး လူတိုင်းမှာရှိနိုင်ပေသည်။ ပမာဏအနည်း၊ အများပေါ်မူတည်ပြီး ရာခိုင်နှုန်းများသော ခံစားမှုသည်   အားသာသော စိတ်ခံစားမှုဘက်သို့လိုက်ကာ အကောင်းမြင်ဝါဒ သမားများနှင့် အဆိုးမြင်ဝါဒသမားများ ဟူ၍ ကွဲပြားလာကြခြင်း ဖြစ်ပေသည်။

သင့်လက်တစ်ကမ်းမှာ . . . စွမ်းဆောင်ပါ  (အဆစ်ရောင်ရောဂါ)

အဆစ်အမျက်ရောင်ရမ်းခြင်းတွင်  အဆစ်အမျက်များ ရောင်ရမ်းခြင်း၊ ကိုက်ခဲနာကျင်ခြင်း၊ တောင့်တောင့်တင်းတင်း ဖြစ်ခြင်းနှင့် မိမိပုံမှန်လုပ်ငန်းဆောင်တာများ မစွမ်းဆောင်နိုင်ခြင်းတို့ ပါဝင်သည်။ ကိုက်ခဲရောင်ရမ်းသော အဆစ်အမျက်တို့မှာ  ရောင်ရမ်းခြင်းကြောင့် လက်နှင့်စမ်းသပ်ကြည့်လျှင် ခပ်နွေးနွေး၊ ခပ်တင်းတင်း ဖြစ်နေတတ်သည်။  ပုံ

ကမ္ဘာ့စင်မြင့်မှဖယ်ခွာလာသည့် အမေရိကန်နှင့် ဖြတ်ကျော်ရမည့် ရေခဲမရှိသည့် အနာဂတ် နွေရာသီများ

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ပိုမိုနားလည်စေရန်နှင့် ထိရောက်စွာ ကြိုတင်ခန့်မှန်းနိုင်ရန် ၂၀၁၉ ခုနှစ်က နိုင်ငံပေါင်း ၂၀ ကျော်မှ သိပ္ပံပညာရှင် ၃၀၀ ကျော်က မြောက်ဝင်ရိုးစွန်းသို့ ရေခဲပြင်ခွဲသင်္ဘော ကြီးဖြင့် ခရီးထွက်ခဲ့ကြသည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ စည်းကမ်းကိုယ်စီလိုက်နာစို့

စည်းကမ်းဟူသည် လိုက်နာစောင့်ထိန်း ရမည့် ကျင့်ဝတ်ဟူ၍ မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် ဖွင့်ဆိုထားပါသည်။ စည်းနှင့်ကမ်းတို့၏ တစ်လုံးချင်းအဓိပ္ပာယ်ကိုလည်း မြန်မာအဘိဓာန် အကျဉ်း ချုပ်တွင် ယခုလိုဖွင့်ဆိုထားပါသည်။

စည်းဟူသည်-

(၁) ပိုင်းခြားသတ်မှတ်ထားသော ခြံဝင်းအကာအရံ၊ စောင်ရန်း၊ စည်းရိုး၊ လယ်မှာကန်သင်း ယာမှစည်းအတွင်း။

(၂) တစ်စုံတစ်ခုသောမျက်နှာပြင်ပေါ်၌ ပိုင်းခြားသတ်မှတ်ထားသော အရေးအကြောင်း။ ဖြစ်ပျက် ပိုင်းခြားစည်းနှယ်ထား၏။

ဆိုးရွားသောအဆုံးသတ်များဆီသို့ ဦးတည်လာနေသည့် တူရကီ

၁၅ ရာစုနှင့် ၁၆ ရာစုကြား အင်အားအကြီးဆုံးဖြစ်ခဲ့သော တူရကီ၏ အော်တိုမန်အင်ပါယာ အိပ်မက် ကို အကောင်အထည်ဖော်ချင်သူ လက်ရှိ တူရကီသမ္မတ အာဒိုဂန် အာဏာရထားသည်မှာ ဆယ်စုနှစ် နှစ်စုနီးပါး ရှိလာခဲ့ပြီဖြစ်သည်။

(၇၅)နှစ်ပြည့် စစ်ရေးပြအခမ်းအနားတွင် အကြီးမားဆုံးတိုက်ချင်းပစ် ဒုံးကျည်များဖြင့် ပွဲထွက်လာခဲ့ သည့် မြောက်ကိုရီးယား

အောက်တိုဘာ ၁၀ ရက်သည် မြောက်ကိုရီးယား အလုပ်သမားပါတီ တည်ထောင်ခြင်း (၇၅)နှစ်ပြည့် သည့်နေ့ဖြစ်သည်။ နှစ်စဉ်ပုံမှန်ကျင်းပနေကျ စစ်ရေးပြအခမ်းအနားမှာ အံ့သြစရာမဟုတ်သော် လည်း ထင်မှတ်မထားသည့် လက်နက်များ ထုတ်ပြခြင်းက အနောက်အုပ်စုတို့အတွက် အံ့အား သင့်စရာဖြစ်ခဲ့သည်။

ကားမောင်းသူများနှင့်ယှဉ်တွဲဝေဒနာ

ကျွန်မတို့လူသားများသည် စားဝတ်နေရေးအတွက် အသက်မွေးဝမ်းကျောင်း ပြုရသောအခါ မတ်တတ်ရပ်၍ ပြုလုပ်ကြရသကဲ့သို့  ထိုင်၍လည်းလုပ်ငန်းခွင်ကို ဖြတ်သန်းနေကြရသည်။ ကြာရှည်စွာထိုင်ကာ အလုပ်လုပ်ရသူများတွင်  ကားမောင်းသူများလည်း ပါဝင်လျက်ရှိသည်။ ကြာရှည်စွာထိုင်ခြင်းကြောင့် ခါးနာခြင်း၊ နှလုံးရောဂါ၊ ဆီးချုပ်ဝမ်းချုပ်ဖြစ်ခြင်း၊ အဝလွန်ရ