အမေရိကန်စီးပွားရေး ၄ ရာခိုင်နှုန်းကျော်ကျဆင်းချိန် ၂ ဒသမ ၇ ရာခိုင်နှုန်းတိုးလာမည့် တရုတ်
ဒုတိယကမ္ဘာစစ်အပြီး စစ်အေးခေတ်ကာလတွင် အမေရိကန်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့၏ တင်းမာမှုများက အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ယခုတော့ ထိုတင်းမာမှုအရွေ့က အာရှပစိဖိတ်သို့ နေရာပြောင်းလာခဲ့ပြီဖြစ်သည်။
တစ်ချိန်က အမေရိကန်နှင့် ဆိုဗီယက် ပြည်ထောင်စုတို့၏ တင်းမာမှုများအတိုင်း ယခု ကမ္ဘာ့ အနောက်ခြမ်းမှ အမေရိကန်နှင့် ကမ္ဘာ့အရှေ့ခြမ်းမှ တရုတ်တို့ ထိပ်တိုက်တွေ့လာကြကာ တင်းမာမှု များကလည်း တဖြည်းဖြည်းပိုမိုဆိုးရွားလာသည်။