နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်းရောဂါ သတိပြုကာကွယ်ကုသပါ
နာတာရှည်အဆုတ်ပွ လေပြွန်ကျဉ်းရောဂါသည် လူတို့၏အဆုတ်၊ လေပြွန်များတွင် အမြဲရောင်ရမ်းနေစေကာ လေဝင်၊ လေထွက်လမ်းကြောင်းတို့ ကျဉ်းသွားခြင်းကြောင့် ဖြစ်ရသောပြဿနာဖြစ်သည်။ နာမည်ပါအတိုင်း နာတာရှည် အဆုတ်ရောဂါတစ်မျိုးဖြစ်သည်။
တဖြည်းဖြည်းရောဂါ ဆိုးရွားနိုင်သည်။ အားလုံးသိထားကြသော ပန်းနာရင်ကျပ်ရောဂါနှင့်မတူ ကွဲပြားသည်။ ရင်ကျပ်ရောဂါသည် ဓာတ်မတည့်သော အကြောင်းအရာတစ်ခုကြောင့် ချက်ချင်းအဆုတ်လေပြွန်များ တစ်ခဏ အတွင်း ကျဉ်းမြောင်းလာမှုကြောင့် ရောဂါဝေဒနာခံစားရသည်။ ရင်ကျပ်ရောဂါနှင့် တူသလိုလို နှင့်ကွဲပြားသည်။