ဆောင်းပါးများ

ဂျပန်ဝန်ကြီးချုပ်သစ် ဆူဂါအတွက် စောင့်ကြိုနေသည့်စိန်ခေါ်မှုများ

ကမ္ဘာပေါ်၌ ကိုရိုနာဗိုင်းရပ်ပြင်းထန်စွာ ဖြစ်ပွားနေချိန်တွင် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးအလှည့် အပြောင်းက အရေးပါဆုံးဖြစ်သည်။ ပြည်သူများကိုယ်တိုင် ရွေးကောက်တင်မြှောက်လိုက်သည့်  အစိုးရတိုင်း၏ သက်တမ်းကုန်ဆုံးသည်အထိ အကျိုးဆက်ဆိုးကောင်းမှန်သမျှကို ခံစားရမည်ဖြစ်ကာ ဗိုင်းရပ်ဖြစ်ပွားနေသည့်ကြားမှ ရွေးကောက်ပွဲ ပထမဆုံးကျင်းပခဲ့သည့်နိုင်ငံက တောင်ကိုရီးယား နိုင်ငံဖြစ်သည်။

တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့

မြန်မာ့တစ်ဆယ့်နှစ်လအနက် တော်သလင်းလပြည့်နေ့သည် ဂရုဓမ္မအခါတော်နေ့ဟု ထင်ရှားသောလပြည့်နေ့ဖြစ်၏။ ဂေါတမမြတ်စွာဘုရားသည် ဂရုဓမ္မဇာတ်တော်ကို ဟောကြားခြင်းအား အကြောင်းပြု၍ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့အဖြစ် ဗုဒ္ဓဘာသာဝင်များ သတ်မှတ်ကျင်းပကြသည်။ ဂရုဓမ္မ၏အဓိပ္ပာယ်မှာ ငါးပါးသီလ စောင့်ထိန်းခြင်းဟု ရရှိ၏။ သူတော်ကောင်

ကျန်းမာလှပသောဘဝများ ပိုင်ဆိုင်ကြစေဖို့ အားကစားလုပ်ကြပါစို့

ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းသည် လူတို့၏ ရုပ်ပိုင်းဆိုင်ရာအပြင်   စိတ်ပိုင်းဆိုင်ရာကို လည်း တိုးတက်စေနိုင်သည်။ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်သန်စွမ်းစေခြင်းအပြင်  ကောင်းမွန်သည့် စိတ်ဓာတ်ခွန်အားများကိုလည်း   တည်ဆောက်ပေးနိုင်သည်။

မြန်မာ့ယဉ်ကျေးမှု ပန်းပုသုခုမအနုပညာ

ပန်းပုဆိုသည်မှာ သစ်သား၊ ဆင်စွယ်၊ ဖယောင်းစသော ဝတ္ထုပစ္စည်းများကို ရုပ်လုံး၊ ရုပ်ကြွပေါ် အောင်ထုလုပ်ရသော ပညာတစ်မျိုးဖြစ်သည်။ ပန်းပုပညာကို အေဒီ ၁ ရာစုခေတ်ကပင် တည်ရှိခဲ့ပြီး ပျူလူမျိုးတို့လက်ထက်တွင် အထင်အရှား ပေါ်ပေါက်နေပြီဖြစ်ကြောင်း သရေခေတ္တရာမြို့ဟောင်း၊ ဟန်လင်းမြို့ဟောင်း၊ ဗိဿနိုးမြို့ဟောင်းတို့ တူးဖော်ရာတွင် တွေ့ရှိသော ပစ္စည်းများက အခိုင် အမာသက်သေပြ လျက်ရှိသည်။

ပုဂံခေတ်တွင် ပန်းပုပညာထွန်းကား

တက်ကြွနိုးကြားလူငယ်မောင်မယ်များ

ဒီနေ့လပြည့်ရက်ဖြစ်လို့ ဥပုသ်ယူဖို့ရာ ဘုန်းကြီးကျောင်းကိုသွားပြီး စာရေးသူကျွန်မနဲ့ ကျွန်မမြေးအကြီးမ ကျောင်းဝင်းက အဝင်လမ်းမပေါ်ရောက်ပါတယ်။ ကားကောင်းကောင်းတစ်စီး ဘေးနားထိုးရပ်လို့ ခဏရပ်လိုက်ပါတယ်။ ကားပေါ်က သန့်သန့်ပြန့်ပြန့်လူရွယ်တစ်ယောက်ဆင်းလာပြီး   အနားတိုးလာ နှုတ်ဆက်ပါတယ်။သူ့ကိုမမှတ်မိဘူးလားတဲ့ မမှတ်မိတဲ့

ကျန်းမာချင်သူများ ဝေးဝေးရှောင်သင့်သည့် အမှားခုနှစ်မျိုး

နေ့စဉ်သုံးပစ္စည်းတွေဟာ နေ့စဉ်နေထိုင်မှုပုံစံတွေထဲမှာ လူကိုမကျန်းမာအောင် လုပ်တာတွေ အများအပြား ပါဝင်နေတယ်။ ယင်းပစ္စည်းတွေနဲ့ ဝေးဝေးနေနိုင်လေကောင်းလေ၊ ကျန်းမာလေပဲဖြစ်တယ်။ ကျန်းမာစေဖို့ အောက်ပါခုနစ်ချက် ရှောင်ရှားသင့်ပါတယ်။

ဝေဖန်စရာဖြစ်လာသည့် ထရမ့်၏ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးရေးပြဿနာ

အမေရိကန်၌ သမ္မတရွေးကောက်ပွဲ ကျင်းပရန် အချိန်တစ်လကျော်သာလိုပြီး သမ္မတဒေါ်နယ်ထရမ့် ၏ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးရေး၊ မပေးရေးကိစ္စရပ်များက ဝေဖန်မှုများစွာ ဖြစ်ပေါ်လာ လျက်ရှိသည်။

COVID-19 ရောဂါအား မင်္ဂလာတရားတော်နှင့်အညီ ရင်ဆိုင်ဖြတ်ကျော်ခြင်း

COVID-19 ရောဂါအား  ကမ္ဘာလုံးဆိုင်ရာကပ် ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက  ၂၀၂၀ ပြည့်နှစ် မတ် ၁၁ ရက်တွင် ကြေညာခဲ့သည်။ ကပ်ရောဂါဆိုးကြီး မြန်မာနိုင်ငံသို့  ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်တွင် စတင်ရောက်ရှိခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲများ၊  အသိပညာရှင်အတတ်ပညာရှင် စေတနာရှင်များပေါင်းစု၍ အရေးပေါ် စီမံဆောင်ရွက