အားကစား

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ

ရန်ကုန်  မေ  ၁၀

ဆီးဂိမ်းလှေလှော်ပြိုင်ပွဲများ စတင်ကျင်းပ

(၃၁)ကြိမ်မြောက် ဆီးဂိမ်းအတွက် လှေလှော်ပြိုင်ပွဲများကို မေ ၉ ရက်တွင် ဟိုင်ဖောင်မြို့ရှိ လှေလှော်လေ့ကျင့်ရေးစခန်း၌ စတင်ကျင်းပကြောင်း သိရသည်။

ဗီယက်နမ်ရွှေဆုရှင်များ ဒေါင် ၁၀ သန်းကို ငွေသားဆုအဖြစ် ချက်ချင်းရရှိမည်

(၃၁) ကြိမ်မြောက်  ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နေသော ဗီယက်နမ်အားကစားသမားများအနေဖြင့်   သက်ဆိုင်ရာပြိုင်ပွဲတိုင်းတွင် ရွှေတံဆိပ်ဆုရရှိပါက ဗီယက်နမ်ဒေါင်  ၁၀  သန်းကို ငွေသားဆုအဖြစ် ချက်ချင်းရရှိမည် ဖြစ်ကြောင်း သိရသည်။

ဆီးဂိမ်းပြိုင်ပွဲတွင် မလေးရှားနိုင်ငံက ရွှေတံဆိပ်လေးခုဖြင့် ဆုတံဆိပ်ဇယားထိပ်ဆုံးမှဦးဆောင်

ဗီယက်နမ်နိုင်ငံ၌   ကျင်းပနေသောဆီးဂိမ်းပြိုင်ပွဲကို မေ ၉ ရက်တွင် ဆက်လက်ကျင်းပရာ   ဒိုင်ဗင် အားကစားနည်းတွင် မလေးရှားနိုင်ငံက တတိယနှင့်စတုတ္ထမြောက် ရွှေတံဆိပ်များကို မလေးရှားဒိုင်ဗင် အားကစားအဖွဲ့က ဆွတ်ခူးခဲ့သည့်အတွက်  ဆုတံဆိပ်ဇယားကို ရွှေတံဆိပ်လေးခုဖြင့်  ဦးဆောင်နေကြောင်း သိရသည်။

စင်ကာပူအပြေးသမား ဂိုခုအီလင်းက ပြိုင်ပွဲ လေးမျိုးမှ ဆုလေးခုစလုံးရရှိရန်မျှော်မှန်းထား

စင်ကာပူနိုင်ငံမှ   အပြေးအားကစားသမား ဂိုခုအီလင်းက  (၃၁)ကြိမ်မြောက်ဆီးဂိမ်းတွင်ထည့်သွင်းကျင်းပမည့်  အပြေး ပြိုင်ပွဲလေးမျိုးမှ ဆုလေးခုစလုံးကိုရရှိရန်မျှော်မှန်းထားသည်။

အာဆင်နယ်အသင်းသမိုင်းတစ်လျှောက် ပွဲအစ ၁၀ မိနစ်အတွင်း နှစ်ဂိုးသွင်းယူနိုင်သည့် ဒုတိယမြောက်ကစားသမား အဖြစ် လူငယ်တိုက်စစ်မှူးအန်ကီတီးယား မှတ်တမ်းဝင်

အာဆင်နယ်အသင်းလူငယ်တိုက်စစ်မှူး အန်ကီတီးယားသည် လိဒ်အသင်းနှင့် ကစားသည့်ပွဲစဉ်တွင် ပွဲအစ  ၁၀  မိနစ်အတွင်း   နှစ်ဂိုးသွင်းယူနိုင်သဖြင့် အသင်းသမိုင်းတစ်လျှောက် ပွဲအစ ၁၀ မိနစ်အတွင်း နှစ်ဂိုးသွင်းယူနိုင်ခဲ့သော ဒုတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နှင့် လွဲချော်ရမည် ဖြစ်သည့်အတွက် မန်ယူအသင်း ကစားသမားများ လုပ်ခလစာလျှော့ချခံရမည်

မန်ယူအသင်းကစားသမား များအနေဖြင့် လာမည့် ဘောလုံးရာသီတွင်   ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နှင့် လွဲချော်ရမည် ဖြစ်သည့်အတွက်    ကစားသမားများအနေဖြင့်   လုပ်ခလစာလျှော့ချခံရမည်ဖြစ်ကြောင်း သိရသည်။

ခရစ္စတယ်ပဲလေ့စ်အသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီးနောက် ဝက်စ်ဖို့ဒ်အသင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ဒုတိယမြောက် တန်းဆင်းရသည့် အသင်းအဖြစ် မှတ်တမ်းဝင်

ဝက်စ်ဖို့ဒ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၃၆)အဖြစ် ကစားသည့် ခရစ္စတယ်ပဲလေ့စ်အသင်း နှင့်ပွဲစဉ်တွင်  ရှုံးနိမ့်ပြီးနောက်  ယခုဘောလုံးရာသီ တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ဒုတိယမြောက်တန်းဆင်း ရသည့် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အင်္ဂလန် ချန်ပီယံရှစ်ပြိုင်ပွဲပြီးဆုံး

ဖူလ်ဟမ်အသင်း ချန်ပီယံဆု ဆွတ်ခူးပြီး ဘုန်းမောက်အသင်း တိုက်ရိုက်တန်းတက်ခွင့်ရရှိ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အင်္ဂလန်ချန်ပီယံရှစ် ပြိုင်ပွဲပြီးဆုံးခဲ့ပြီး  ချန်ပီယံဆုကို  ဖူလ်ဟမ်အသင်းက ဆွတ်ခူးရရှိကာ ဘုန်းမောက်အသင်းက အဆင့်(၂)နေရာ၌ရပ်တည်ပြီး    တိုက်ရိုက်တန်းတက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။