အားကစား

မြန်မာအသင်း ပါဝင်သော ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲပြုလုပ်

မြန်မာအသင်း ပါဝင်သော ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲပြုလုပ်

နေပြည်တော်  မေ  ၈

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပါဝင်သည့်   ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု(ခ)အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို မေ ၈ ရက်က ဗီယက်နမ်နိုင်ငံ၌ ပြုလုပ်သည်။ ယင်းသတင်းစာ ရှင်းလင်းပွဲကို  မြန်မာအမျိုးသမီး အသင်းနည်းပြချုပ် ဦးတင်မြင့်အောင် အပါအဝင် ထိုင်း၊ စင်ကာပူ၊ လာအိုအသင်းတို့မှ နည်းပြချုပ်များ တက်ရောက်ခဲ့သည်။

ဆီးဂိမ်း လက်ဝှေ့ပြိုင်ပွဲများကို ဘက်နင်းပြည်နယ်၌ စတင်ကျင်းပ

ဆီးဂိမ်း လက်ဝှေ့ပြိုင်ပွဲများကို ဘက်နင်းပြည်နယ်၌ စတင်ကျင်းပ

ဆီးဂိမ်းတွင်   ထည့်သွင်း ကျင်းပသည့် အားကစားနည်းတစ်မျိုးဖြစ်သော လက်ဝှေ့ပြိုင်ပွဲများကို မေ ၈ ရက်တွင် ဗီယက်နမ်နိုင်ငံ ဘက်နင်းပြည်နယ်၌ စတင်ကျင်းပကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲသို့ နိုင်ငံပေါင်း ၈ နိုင်ငံကျော်မှ လက်ဝှေ့သမား အယောက် ၉၀ နီးပါး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ဗီယက်နမ်အတွက် ပထမဆုံး ဆုတံဆိပ်ကို ငိုဖူးမိုင်ကရယူပေး

ဗီယက်နမ်အတွက် ပထမဆုံး ဆုတံဆိပ်ကို ငိုဖူးမိုင်ကရယူပေး

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ(ဆီးဂိမ်း)ကို ဗီယက်နမ်နိုင်ငံ၌ စတင်ကျင်းပလျက်ရှိရာ ဗီယက်နမ်နိုင်ငံအတွက် ပထမဆုံး ဆုတံဆိပ်ကို မေ ၈ ရက်တွင် ဒိုင်ဗင်အားကစားမယ်ဖြစ်သည့် ငိုဖူးမိုင်က ရယူပေးလိုက်ကြောင်း သိရသည်။

ဒိုင်ဗင်ထိုး အားကစားနည်းတွင် ငိုဖူးမိုင်က ငါးကြိမ်တိုင်တိုင် ဒိုင်ဗင်ထိုးပြီးနောက် ရမှတ် ၂၂၄ မှတ်ဖြင့် တတိယဆုကို ရရှိခြင်းဖြစ်သည်။

ဥရောပအဆင့်ပြိုင်ပွဲ အားလုံးတွင် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည့် ပထမဆုံးနည်းပြအဖြစ် ရိုးမားအသင်း နည်းပြမော်ရင်ဟို စံချိန်သစ်တင်

ဥရောပအဆင့်ပြိုင်ပွဲ အားလုံးတွင် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည့် ပထမဆုံးနည်းပြအဖြစ် ရိုးမားအသင်း နည်းပြမော်ရင်ဟို စံချိန်သစ်တင်

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုသည် ယခုဘောလုံးရာသီတွင် ရိုးမားအသင်းနှင့်  ယူရိုပါကွန်ဖရင့်လိဂ် ပြိုင်ပွဲ၌ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီးနောက် ဥရောပအဆင့်ပြိုင်ပွဲ အားလုံးတွင်   ဗိုလ်လုပွဲတက်ရောက်နိုင်သည့် ပထမဆုံးနည်းပြ အဖြစ် စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။

 (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်မှ ၁၀ ဦး သွားရောက်ယှဉ်ပြိုင်မည်

 (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်မှ ၁၀ ဦး သွားရောက်ယှဉ်ပြိုင်မည်

ရန်ကုန်  မေ  ၇

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games)တွင် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အဖွဲ့ချုပ်မှ ၁၀ ဦး သွားရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နွေရာသီအခြေခံဂျူဒို အားကစားသင်တန်း ဆင်းပွဲသို့  တက်ရောက်၊ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နွေရာသီအခြေခံဂျူဒို အားကစားသင်တန်း ဆင်းပွဲသို့  တက်ရောက်၊ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

ရန်ကုန်  မေ  ၇

ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဗိုလ်လုပွဲသို့ အကြိမ်ရေအများဆုံး တက်ရောက်အောင် စွမ်းဆောင်ပေးနိုင်သည့် နည်းပြအဖြစ် နည်းပြအန်ဆယ်လော့တီ စံချိန်သစ်တင်

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီ သည် ရီးယဲလ်မက်ဒရစ်အသင်းက မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့ကာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက် ရောက်နိုင်ခဲ့ပြီးနောက် ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် အကြိမ်ရေအများဆုံး တက်ရောက်နိုင်သည့် နည်းပြအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဧပြီလအတွက် တစ်လတာ အကောင်းဆုံးနည်းပြဆု ကစားသမားဆုနှင့် သွင်းဂိုးဆုများအတွက် ဆန်ခါတင်စာရင်းထုတ်ပြန်

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ ဧပြီလအတွက် တစ်လတာအကောင်းဆုံးနည်းပြဆု၊ အကောင်းဆုံးကစားသမား ဆုနှင့် အကောင်းဆုံး သွင်းဂိုးဆုများအတွက် ဆန်ခါတင် စာရင်းများကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသမီးဖူဆယ်အသင်းက ထိုင်းနိုင်ငံ Kasem Bundit University အမျိုးသမီးဖူဆယ်အသင်းကို ခြေစမ်းပွဲတွင်အနိုင်ရ

နေပြည်တော်  မေ  ၆

တစ်ရာသီအတွင်း ချန်ပီယံလိဂ် အက်ဖ်အေဖလားနှင့် လိဂ်ဖလားပြိုင်ပွဲသုံးခုစလုံး ဗိုလ်လုပွဲ တက်ရောက်နိုင်သည့် ပထမဆုံးအသင်းအဖြစ် လီဗာပူးအသင်းမှတ်တမ်းဝင်

လီဗာပူးအသင်းသည်   ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗီလာရီးယဲလ်အသင်းကို  အနိုင်ရရှိပြီး  ဗိုလ်လုပွဲသို့ တက်ရောက်ပြီးနောက်  ဘောလုံးရာသီတစ်ခုအတွင်း ချန်ပီယံလိဂ်၊ အက်ဖ်အေဖလားနှင့် လိဂ်ဖလား (ကာရာ ဘောင်းဖလား) ပြိုင်ပွဲတို့တွင် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည့်  အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း  သိရ သည်။