စီးပွားရေး

သံတောင်ကြီးဒေသထွက် မျှစ်ခြောက်များ ဝယ်လိုအားကောင်း

သံတောင်ကြီးဒေသထွက် မျှစ်ခြောက်များ ဝယ်လိုအားကောင်း

 

    ကရင်ပြည်နယ်      ဘားအံခရိုင် သံတောင်ကြီးမြို့သည်   တောင်ပေါ်မြို့ဖြစ်သောကြောင့်  သစ်၊ ဝါးများ သဘာဝအတိုင်း ပေါက်ရောက်ကြသည်။  မိုးတွင်းအချိန်တွင်  သဘာဝအတိုင်းအလေ့ကျ ပေါက်သည့် မျှစ်များကို တစ်နှစ်ပတ်လုံး

အတွက် စားသုံးနိုင်ရန် မျှစ်ခြောက်များ ပြုလုပ်ကြသည်။ ယခုအချိန်တွင် မျှစ်စိုများ ရှားပါးလာပြီဖြစ်သည့်အတွက် မျှစ်ခြောက်များ ဝယ်လိုအားကောင်းလာကြောင်း  သိရသည်။

သံတောင်ကြီးမြို့၌ ဂေါ်ရခါးသီးများ လှိုင်လှိုင်ထွက်ရှိ

သံတောင်ကြီးမြို့၌ ဂေါ်ရခါးသီးများ လှိုင်လှိုင်ထွက်ရှိ

 

    ကရင်ပြည်နယ်  ဘားအံခရိုင် သံတောင်ကြီးမြို့နယ်၌ ဒေသခံပြည်သူများ သည် အသက်မွေးဝမ်းကျောင်းအဖြစ် စိုက်ပျိုးရေး လုပ်ငန်းများကို အဓိက လုပ်ကိုင်ကြရာ ဂေါ်ရခါးပင်များကို စင်ထိုးပြီးတစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး နိုဝင်ဘာလတွင် ဂေါ်ရခါးသီးများ လှိုင်လှိုင်ထွက်ရှိကြောင်း ဂေါ်ရခါးစိုက် တောင်သူများထံမှ သိရသည်။

ယခုလဆန်းပိုင်း၌ အခြေခံစားသောက်ကုန် ဈေးကွက်အတွင်း ငါးခြောက်ဝယ်လိုအား ပိုမိုကောင်းမွန်လာ

ယခုလဆန်းပိုင်း၌ အခြေခံစားသောက်ကုန် ဈေးကွက်အတွင်း ငါးခြောက်ဝယ်လိုအား ပိုမိုကောင်းမွန်လာ

 

ယခုလဆန်းပိုင်း၌   အခြေခံစားသောက်ကုန်များထဲတွင်  တစ်ခုအပါအဝင်ဖြစ်သော   ငါးခြောက်များ  ဈေးကွက်အတွင်း    ဝယ်လိုအား ပိုမိုကောင်းမွန်လာကြောင်း ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်မှ ငါးပိ၊ ငါးခြောက် ရောင်းဝယ်ရေးလုပ်ကိုင်သူများ၏ ပြောဆိုချက်အရ သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် စက်သုံးဆီတင်သင်္ဘော ၄ စီး ဆိုက်ကပ်ခဲ့ပြီး စက်သုံးဆီတင်သင်္ဘော ၁၅ စီး မကြာမီထပ်မံရောက်ရှိဆိုက်ကပ်မည်ဖြစ်

 

နိုဝင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် စက်သုံးဆီတင်သင်္ဘော ၄ စီး ဆိုက်ကပ်ခဲ့ပြီး စက်သုံးဆီတင်သင်္ဘော ၁၅ စီး မကြာမီထပ်မံရောက်ရှိဆိုက်ကပ်မည်ဖြစ်

နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၁၂

ယခုဘဏ္ဍာနှစ် ခုနစ်လတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ခြောက်သိန်းခန့် တင်ပို့ထားပြီး အောက်တိုဘာလတွင် အများဆုံး တင်ပို့ထား

ယခုဘဏ္ဍာနှစ် ခုနစ်လတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ခြောက်သိန်းခန့် တင်ပို့ထားပြီး အောက်တိုဘာလတွင် အများဆုံး တင်ပို့ထား

 

    ယခုဘဏ္ဍာနှစ်     ခုနစ်လတာ ကာလအတွင်း ပြည်ပနိုင်ငံများသို့ အမေရိကန် ဒေါ်လာ သန်း ၂၇၀ ကျော်တန်ဖိုးရှိ ဆန် နှင့်ဆန်ကွဲတန်ချိန် ခြောက်သိန်းခန့် တင်ပို့ ထားပြီး အောက်တိုဘာလတွင် အများဆုံး တင်ပို့ထားကြောင်း  မြန်မာနိုင်ငံ  ဆန်စပါး အသင်းချုပ်မှ သိရသည်။

ကျောက်ဆည်မြို့နယ် ဆည်ကုန်းကျေးရွာ၌ သံပရိုစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်မြို့နယ် ဆည်ကုန်းကျေးရွာ၌ သံပရိုစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

 

    မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ဥယျာဉ်ခြံမြေနှင့် ကိုင်း၊ ကျွန်းမြေများတွင်  နှစ်ရှည်သီးနှံပင်များဖြစ်သော သရက်၊ သံပရို၊ မာလကာ  စသည့်သီးနှံများနှင့် ကာလတိုဟင်းသီးဟင်းရွက်များ ဖြစ်သော နံနံ၊ ဆလတ်၊ ဘူး၊ မုန်ညင်း၊ ခဝဲ၊ကြက်ဟင်းခါး စသည့်သီးပင်စားပင်မျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဆည်ကုန်းကျေးရွာမှ သံပရိုစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးသည့် ချည်မျှင်ရှည်ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိ

ဆိပ်ဖြူမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးသည့် ချည်မျှင်ရှည်ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိ

 

    မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်အတွင်း ယခု နှစ်မိုးရာသီတွင် စိုက်ပျိုးသည့်    ချည်မျှင်ရှည်ဝါစိုက် ခင်းများ  အောင်မြင်ဖြစ်ထွန်းပြီး  ဝါတစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ ဖြင့်  ဈေးကောင်းရလျက်ရှိကြောင်း ဒေသခံတောင်သူများ၏ ပြောပြချက်အရ သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ ဆန်ကွဲ ၂၄ ပြည်ဝင် အိတ်ရေ ၉၉၀၀၀ အထိ တင်ပို့ရောင်းချ

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ ဆန်ကွဲ ၂၄ ပြည်ဝင် အိတ်ရေ ၉၉၀၀၀ အထိ တင်ပို့ရောင်းချ

 

    ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့  စက်တင်ဘာလ၁ ရက်မှ  အောက်တိုဘာလ ဒုတိယပတ်အထိ ဆန်ကွဲ ၂၄ ပြည်ဝင် အိတ်ရေ  ၉၉၀၀၀ အထိတင်ပို့ ရောင်းချရကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ဆန်စပါးရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်ဒေါ်ဥမ္မာထံမှ သိရသည်။

၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတင်ကျင်းပ

၂၀၂၃ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတင်ကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၂၀

    ၂၀၂၃ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက် ရတနာပြပွဲ ပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမ၌ ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံများ အောင်မြင်ဖြစ်ထွန်း

ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံများ အောင်မြင်ဖြစ်ထွန်း

 

ဆိပ်ဖြူ  အောက်တိုဘာ  ၁၇

    မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီ ဆီထွက်သီးနှံများ  လျာထားဧကထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ပြီး  စိုက်ပျိုးသီးနှံ များအောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။