ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့မှသည် . . .
၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ခွေးရူးပြန်ရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်မှာ “ခွေးရူးပြန် ရောဂါကင်းစင်ဖို့ ပူးပေါင်းပါဝင် ကာကွယ်ဆေးထိုးကြစို့” ဖြစ်ပါတယ်။ ခွေးရူးပြန်ရောဂါ ကာကွယ် ဆေးကို ပထမဆုံးရှာဖွေဖော်ထုတ်နိုင်ခဲ့သော သိပ္ပံပညာရှင် Louis Pasteur ၏တွေ့ရှိချက်နှင့် ဆောင် ရွက်ချက်များကို ဂုဏ်ပြုသည့်အနေဖြင့် World Health Organization (WHO)ခေါ် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းကကြီးမှူး၍ နှစ်တစ်နှစ်၏ စက်တင်ဘာ ၂၈ ရက်ကို ကမ္ဘာ့ခွေးရူးပြန် ရောဂါနေ့ (World Rabies Day) အဖြစ်သတ်မှတ်ကာ ထိုနေ့သို့ရောက်တိုင်း ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ခွေးရူးပြန်ရောဂါနှင့် ပတ်သက်၍ ပြည်သူ့ဗဟိုပြု အသိပညာပေး လှုံ့