COVID-19 ကို တုံ့ပြန်ရင်ဆိုင်ဖို့ လူနေမှု ပုံစံအသစ်ပြောင်းကြစို့
''အာရောဂျံ ပရမံ လာဘံ''ဟူသော စကားအတိုင်း ကျန်းမာခြင်းသည် လူတိုင်းအတွက် အဖိုးထိုက်တန်သည့် လာဘ်ကြီးတစ်ပါးဖြစ်ပြီး ၎င်းအဖိုးထိုက်တန်အမြတ်နိုးဆုံးဖြစ်သော ''ကျန်းမာခြင်း''လာဘ်ကိုရယူနိုင်ရေးအတွက် ကျန်းမာစေသည့် အနေအထိုင်၊ အစားအသောက်၊ အလေ့အကျင့်၊ အပြုအမူများ လိုအပ်နေမည်ဖြစ်သည်။ ယင်းသို့ ကျန်းမာခြင်းနှင့် ပြည့်စုံကာ အသက်ရှည်ရာ အနာမဲ့ကြောင်း နည်းလမ်းကောင်းများနှင့် စပ်လျဉ်းပြီး မျှတသော အစာကို စားသောက်ခြင်း၊ ကြေကျက်လွယ်သော အစာအာဟာရကိုသာ စားသောက်လေ့ရှိခြင်း၊ မိမိဝမ်းမီးနှင့် သင့်လျော်သော အာဟာရကို စားသောက်ခြင်း၊ သီလဖြစ်စေ၊ ဥပုသ်သီလဖြစ်စေ စောင့်ထိန်းခြင်း၊ မိမိအကျိုးကို ဆောင်တတ်ကုန်သော မိတ်ကောင်းဆွေမွန်ရ