အသက်ရှူရခက်ခဲခြင်း
အခုတလော ကပ်ရောဂါအသွင် ဖြစ်ပေါ်နေတဲ့ COVID-19 ရောဂါရဲ့ လက္ခဏာတွေထဲမှာ အသက်ရှူရခက်ခဲခြင်း ဆိုတာ ပါဝင်ပါတယ်။ COVID မှာ ဖျားတယ်၊ ချောင်းဆိုးတယ်၊ အသက်ရှူကျပ်/ခက်တယ်၊ မောပန်းနွမ်းနယ်တယ်လို့ ပါဝင်တယ် မဟုတ်လား။ ဒီတော့ ချောင်းဆိုး၊ အသက်ရှူခက်တိုင်း COVID-19 မဟုတ်ဘူးလို့ သိစေချင်လို့ပါ။ ဒါပေမဲ့ ဒီအချိန်မှာ အသက်ရှူခက်ခြင်းဟာ အဓိက လက္ခဏာတစ်ရပ်ဖြစ်လေတော့ ပေါ့ဆလို့လည်းမသင့်ပါဘူး။ အသက်ရှူခက်ခြင်း ကိုယ်တိုင်ကိုက အသက်အန္တရာယ် ရှိနိုင်တဲ့ အတွက် လိုအပ်တဲ့ဆေးကုသမှု၊ စောင့်ရှောက်မှုတွေကို ရယူဖို့လည်း လိုအပ်လှပါတယ်။
အသက်ရှူရခက်ခဲခြင်းဆိုသည်မှာ