အိန္ဒိယ-ပါကစ္စတန်အရေး ကြားဝင်စေ့စပ်ပေးချင်နေပြန်သည့် ဒေါ်နယ်ထရမ့်
ကမ္ဘာပေါ်၌ ဒုတိယကမ္ဘာစစ်အပြီး တတိယကမ္ဘာစစ်ကို ဖန်တီးမည့်သူများအဖြစ် ရုရှားနှင့် အမေရိကန်တို့ကို တစ်ကမ္ဘာလုံးက စစ်အေးခေတ်ကာလတွင် မျက်စိဒေါက်ထောက် ကြည့်ခဲ့ ကြသည်။ စစ်အေးခေတ်ကာလ ပြီးပြန်တော့လည်း ရုရှားနှင့်အမေရိကန်တို့ ဆက်ဆံရေးက ထပ်မံဆိုးရွားလာခဲ့ပြန်ကာ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများကို အမေရိကန်က ကုလ သမဂ္ဂ၊ ဥရောပသမဂ္ဂတို့နှင့် ပေါင်းကာ ချမှတ်ခဲ့ပြန်သည်။