ဆောင်းပါးများ

အိမ်နီးချင်းနိုင်ငံ၏ တစ်ခုတည်းသောမူဝါဒ

 

အိမ်နီးချင်းနိုင်ငံ၏ တစ်ခုတည်းသောမူဝါဒ

ရုရှားသမ္မတဗလာဒီမာပူတင်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ခရီးစဉ်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလ ၁၅ ရက်နေ့တွင်စတင်ခဲ့သည်။ ပူတင်၏ ပဉ္စမမြောက် သမ္မတသက်တမ်းတွင် ပထမဦးဆုံးသော ပြည်ပခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ စတင်ခဲ့ခြင်းသည် ရုရှားနှင့်တရုတ်တို့၏ မဟာဗျူဟာမြောက် လုပ်ဖော်ကိုင်ဖက် (Strategic Partnership) အပေါ် အခြေခံခြင်းသာဖြစ်သည်ဟု မြင်မိသည်။

အမေရိကန်နဲ့အိန္ဒိယတို့ကြားမှာ မှန်တမ်းဆက်ဆံရေးဖြစ်သွားပြီလား

အမေရိကန်နဲ့အိန္ဒိယတို့ကြားမှာ မှန်တမ်းဆက်ဆံရေးဖြစ်သွားပြီလား

တစ်ခါတလေကျတော့  စဉ်းစားကြည့်မိတယ်ခင်ဗျ။ အမေရိကန်ဆိုတာ အင်အားကြီး နိုင်ငံတော့မှန်ပါရဲ့။   အဲဒီလိုမျိုး အင်အားကြီးနိုင်ငံဖြစ်တာနဲ့ပဲ ကျန်တဲ့နိုင်ငံတွေက သူကြိုးဆွဲရာကရတော့မယ်လို့များ ထင်နေလားမသိဘူးခင်ဗျ။

ဒီနိုင်ငံနဲ့ ဟိုနိုင်ငံကြား ဆက်ဆံရေးပြေလည်ရင် သူမကြိုက်ချင်ဘူး။ သူ့စကားနားမထောင်တော့ရင် သူမကြိုက်ချင်ဘူး။ သူတို့လိုချင်တဲ့နိုင်ငံတစ်နိုင်ငံရဲ့အစိုးရအဖွဲ့ကိုလည်း သူတို့စကားနာခံမယ့်သူမျိုးကိုပဲ ရွေးကောက်စေချင်တာမျိုးခင်ဗျ။

ခမ်းနားကြီးကျယ်တဲ့ကုမ္ပဏီခုနစ်ခုမှ စီအီးအိုများရဲ့တစ်နှစ်စာဝင်ငွေ ဘယ်လောက်ရှိမယ်ထင်လဲ

ခမ်းနားကြီးကျယ်တဲ့ကုမ္ပဏီခုနစ်ခုမှ စီအီးအိုများရဲ့တစ်နှစ်စာဝင်ငွေ ဘယ်လောက်ရှိမယ်ထင်လဲ

ခမ်းနားကြီးကျယ်တဲ့ ကုမ္ပဏီကြီးခုနစ်ခုဆိုတဲ့ အထဲမှာ မိုက်ခရိုဆော့၊ အက်ပဲ၊ အန်ဗီးဒီးယား၊ အယ်လဖာဘတ်၊ အမ်မဇွန်၊ မတ်တာနဲ့ တက်စလာကုမ္ပဏီတို့ ပါဝင်ပါတယ်။

ဒီကုမ္ပဏီတွေအားလုံးက   နည်းပညာ ကုမ္ပဏီကြီးတွေပါပဲ။   အဲဒီကုမ္ပဏီတွေ အားလုံးပေါင်းရဲ့ တန်ဖိုးက  အမေရိကန် ဒေါ်လာ ၁၄ ထရီလီယံအထိရှိပါတယ်။

ဒါဟာ ဒီကနေ့နည်းပညာခေတ်က ဘယ်လောက်အထိ ဝင်ငွေရရှိစေတယ်ဆိုတာကို ဖော်ကျူးနေ တာပါ။

ဆေးဖက်ဝင် ပြောင်းဖူးဆီအကြောင်း သိမှတ်ဖွယ်ရာအဖြာဖြာ

 

ဆေးဖက်ဝင် ပြောင်းဖူးဆီအကြောင်း သိမှတ်ဖွယ်ရာအဖြာဖြာ

မြန်မာနိုင်ငံ၌ ပြောင်းသီးနှံကို  ရာသီမရွေး   သီးထပ်အဖြစ်စိုက်ပျိုးနိုင်ပြီး လက်ရှိအချိန်တွင်        မြန်မာနိုင်ငံအလယ်ပိုင်းသာမက ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများ၊ ကယား ပြည်နယ်၊ ကချင်ပြည်နယ်တို့၌လှိုင်လှိုင်ထွက်နေပြီး နေပြည်တော်၊ တပ်ကုန်း၊   ပျဉ်းမနားမြို့နယ် တို့မှာလည်း    ပြောင်းသီးနှံများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည်။