ကျောက်တန်းမြို့နယ် သံတဲကမ်းခြေသို့ နေ့ချင်းပြန်ခရီးတစ်ခေါက်
မိုးရာသီသို့ ရောက်ရှိနေပြီဖြစ်သော်လည်း မထင်မှတ်သော ခရီးစဉ်တစ်ခုကို လိုက်ပါသွားဖြစ်ခဲ့သည်။ ဤခရီးစဉ်ကို လိုက်ပါရန် ဖိတ်ခေါ်ခဲ့သူမှာ ခရီးစဉ်ကို ဦးဆောင်သူ ဦးမျိုးကြီး (သုခမိန်မြန်မာပြည် အနှံ့ဘုရားဖူး အပန်းဖြေပို့ဆောင်ရေး) ဖြစ်သည်။ သွားကြမည့်ခရီးစဉ်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ရှိ သံတဲရွာ (ယခင်မီးပြရွာ)သို့ဖြစ်ပြီး ရှေး ဟောင်းအမွေအနှစ်ဘုရားများလည်း ဖူးခဲ့ရသည့် နေ့ချင်းပြန်ခရီးစဉ်ဖြစ်သည်။