UAE နှင့် အစ္စရေး သဘောတူညီချက်နောက်ကွယ်က လက်နက်ရောင်းချ လိုနေသည့် အမေရိကန်
၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၃ ရက်က သမိုင်းဝင် အစ္စရေးနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု(UAE) တို့ ပုံမှန်သံတမန် ဆက်ဆံရေး စတင်ရန် တရားဝင်ဖြစ်လာခဲ့သည်။
အပြန်အလှန် သဘောတူညီချက်အနေဖြင့် အစ္စရေးက အနောက်ဘက် ကမ်းရိုးတန်းရှိ အိမ်ရာစီမံကိန်းကို ရပ်တန့် ပေးရမည် ဖြစ်ပြီး နှစ်နိုင်ငံစစ်ရေး၊ စီးပွားရေး ထဲထဲဝင်ဝင်ဆက်ဆံမည် ဆိုသည့် အပြုသဘောဆောင်သော သဘောတူညီချက်များ ပါဝင်ခဲ့သည်။