ရုရှားနိုင်ငံမှထုတ်လုပ်သည့် နိုဗယ်ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးကို နိုင်ငံအတွင်း စမ်းသပ် ကုသရန်စီစဉ်နေသည့် ဖိလစ်ပိုင်
ရုရှားနိုင်ငံမှထုတ်လုပ်သည့် နိုဗယ်ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးကို ယခုနှစ် အောက်တို ဘာလတွင် လူနာများအား စမ်းသပ်ကုသရန် စီစဉ်လျက်ရှိကြောင်း ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ထားသည်။
ဖိလစ်ပိုင်သိပ္ပံပညာရှင်များသည် ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးကို ထုတ်လုပ်ခဲ့သော ရုရှား နိုင်ငံမှ ဂါမာလီယာသုတေသနအဖွဲ့ဖြစ်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံပြီး ကာကွယ် ဆေးထိုးခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကာ နောက်တစ်ရက် သြဂုတ် ၁၃ ရက်တွင် ပြောရေးဆိုခွင့်ရှိသူ ဟယ်ရီရော့၏ ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။