နိုင်ငံတကာသတင်း

အမေရိကန်နိုင်ငံသား ထက်ဝက်ခန့်က AI ကြောင့် ၎င်းတို့ အလုပ်ပြုတ်မည်ကို စိုးရိမ်နေရ

အမေရိကန်နိုင်ငံသား ထက်ဝက်ခန့်က AI ကြောင့် ၎င်းတို့ အလုပ်ပြုတ်မည်ကို စိုးရိမ်နေရ

    အမေရိကန်နိုင်ငံသား ထက်ဝက်ခန့်က ယနေ့တွင် တစ်နေ့တခြား တွင်ကျယ်လာသော အသိဉာဏ်တု (AI) ကြောင့် ၎င်းတို့အလုပ်ပြုတ်မည်ကို စိုးရိမ်နေရကြောင်း စစ်တမ်းတစ်ခုတွင်  ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါစစ်တမ်းကို  Harris Poll  အမည်ရှိ စစ်တမ်းကောက်ယူရေး အဖွဲ့ကထုတ်ပြန်ခြင်း ဖြစ်ပြီး စစ်တမ်းတွင် ပါဝင်ဖြေဆိုသူများအနက်   ၄၇ ရာခိုင်နှုန်းက AI များသည် ၎င်းတို့၏ အလုပ်အကိုင်နေရာများကို အလွယ်တကူ ရယူသွားနိုင်မည်ဟု ယုံကြည်ကြောင်း ဖြေဆိုထားသည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့က သြဂုတ် ၂၁ ရက်မှစ၍ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းကြီး ဆောင်ရွက်မည်

 

တောင်ကိုရီးယားနှင့် အမေရိကန်တို့က သြဂုတ် ၂၁ ရက်မှစ၍ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းကြီး ဆောင်ရွက်မည်

    တောင်ကိုရီးယားနှင့် အမေရိကန်တို့က သြဂုတ် ၂၁ ရက်မှစ၍   ပူးတွဲစစ်ရေး လေ့ကျင့်ခန်းကြီးတစ်ခုကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဖြစ်ပေါ်လာနိုင်သည့် ရေကုန်ရေခန်း စစ်ပွဲတစ်ရပ်ကိုမျှော်မှန်းကာ နှစ်စဉ် လုပ်ဆောင်လျက်ရှိသည့် Ulchi Freedom Shield (UFS)  အမည်ရှိ အဆိုပါ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းကို သြဂုတ် ၃၁ ရက်အထိ ဆောင်ရွက် သွားမည်ဖြစ်သည်။

ပြုပြင်ပြီးနျူကလီးယား အဆိပ်သင့်ရေများ စွန့်ထုတ်မည့် အချိန်ကို မသတ်မှတ်ရသေးဟု ဂျပန်ဝန်ကြီးချုပ်ပြော

ပြုပြင်ပြီးနျူကလီးယား အဆိပ်သင့်ရေများ စွန့်ထုတ်မည့် အချိန်ကို မသတ်မှတ်ရသေးဟု ဂျပန်ဝန်ကြီးချုပ်ပြော

    ဂျပန်နိုင်ငံရှိ  ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံမှ ပြုပြင်ထားပြီးဖြစ်သည့် နျူကလီးယား အဆိပ်သင့်ရေများ ပင်လယ်အတွင်းသို့     စွန့်ထုတ်မည့် အချိန် အတိအကျကို မသတ်မှတ်ရသေးကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါက သြဂုတ် ၂၀ ရက်တွင်ပြောသည်။

ယူကရိန်းကို စစ်လက်နက်များ ထောက်ပံ့ပေးနေသည့် အမေရိကန် ကိုယ့်လက်နက်တိုက်ကို ဖြည့်တင်းရန် အခက်ကြုံနေ

ယူကရိန်းကို စစ်လက်နက်များ ထောက်ပံ့ပေးနေသည့် အမေရိကန် ကိုယ့်လက်နက်တိုက်ကို ဖြည့်တင်းရန် အခက်ကြုံနေ

    ယူကရိန်းနိုင်ငံကို စစ်လက်နက်ပစ္စည်းများ၊ ခဲယမ်းများ အမြောက်အမြား ထောက်ပံ့ပေးနေသည့် အမေရိကန်နိုင်ငံ အနေဖြင့် ကိုယ့်လက်နက်တိုက်ကို   လက်နက်များနှင့် ခဲယမ်းများဖြည့်တင်းရန် အခက်ကြုံနေကြောင်း  အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်များကို ကိုးကား၍ အမေရိကန် သတင်းစာတစ်စောင်က ဖော်ပြထားသည်။

လက်ရှိတွင် အမေရိကန်သည် ယူကရိန်း နိုင်ငံကို ၁၅၅ မီလီမီတာ အမြောက်ကျည် နှစ်သန်းကျော် ထောက်ပံ့ပေးထားပြီး ဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယားသို့ ဘက်ပြောင်းသွားသည့် အမေရိကန်စစ်သည် ခိုလှုံခွင့်တောင်းခံ

မြောက်ကိုရီးယားသို့ ဘက်ပြောင်းသွားသည့် အမေရိကန်စစ်သည် ခိုလှုံခွင့်တောင်းခံ

    ဇွန်လလယ်ခန့်က တောင်ကိုရီးယား နိုင်ငံမှတစ်ဆင့်   မြောက်ကိုရီးယားနိုင်ငံ အတွင်းသို့ဘက်ပြောင်းသွားသည့် တပ်သား အဆင့်ရှိ အမေရိကန်စစ်သည်   ထရာဗစ်ကင်းသည် ယင်းနိုင်ငံအတွင်း သို့မဟုတ် တတိယနိုင်ငံအတွင်း နေထိုင်ခွင့်ရရှိရေးအတွက် ခိုလှုံခွင့်တောင်းခံကြောင်း သိရသည်။

ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင် အေဂျင်စီက မိတ်ဖက်နိုင်ငံများသို့ ကူညီပံ့ပိုးမှုများ တိုးမြှင့်ပေးအပ်နေ

ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင် အေဂျင်စီက မိတ်ဖက်နိုင်ငံများသို့ ကူညီပံ့ပိုးမှုများ တိုးမြှင့်ပေးအပ်နေ

    ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ဖြစ်သော Rosatom က ၎င်းတို့အနေဖြင့် မိတ်ဖက်နိုင်ငံများသို့ ကူညီပံ့ပိုးမှုများ တိုးမြှင့်ပေးအပ်နေကြောင်း သိရသည်။

အဆိုပါကူညီပံ့ပိုးမှုများတွင် နျူကလီးယားစွမ်းအင်နှင့် ၎င်းနှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ကြောင်း Rosatom ကုမ္ပဏီ ညွှန်ကြားရေးမှူးချုပ်  အလက်ဆီလီခါချက်က   ရုရှားသမ္မတ ဗလာဒီမာပူတင်ထံ တင်ပြစဉ်ပြောခြင်းဖြစ်သည်။

သီရိလင်္ကာက ကုန်တင်ကားများနှင့် အကြီးစားယာဉ်များ တင်သွင်းခြင်းကို ပြန်လည်ခွင့်ပြု

သီရိလင်္ကာက ကုန်တင်ကားများနှင့် အကြီးစားယာဉ်များ တင်သွင်းခြင်းကို ပြန်လည်ခွင့်ပြု

    သီရိလင်္ကာနိုင်ငံက ၂၀၂၀ ပြည့်နှစ် မတ်လတွင်ချမှတ်ခဲ့သော တားမြစ်မိန့်ကိုပယ်ဖျက်ကာ ကုန်တင်ကားများနှင့် အကြီးစားယာဉ်များ တင်သွင်းခြင်းကို ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံအတွင်း နိုင်ငံခြားသုံး ငွေကြေးပြတ်လပ်မှု ဖြစ်ပွားပြီးနောက် ပြည်ပမှကုန်ပစ္စည်းများ တင်သွင်းခြင်းကို တားမြစ်ခဲ့ရာမှ ယခုအခါ တစ်ဆင့်ချင်းစီပြန်လည် ဖြေလျှော့ပေးလာခြင်းဖြစ်သည်။

ရုရှားသမ္မတနှင့် မြောက်ကိုရီးယား ခေါင်းဆောင်တို့ စာဖြင့်အပြန်အလှန် ဆက်သွယ်ပြီး ဆက်ဆံရေး တိုးမြှင့်မည်ဟု ကတိပြု

ရုရှားသမ္မတနှင့် မြောက်ကိုရီးယား ခေါင်းဆောင်တို့ စာဖြင့်အပြန်အလှန် ဆက်သွယ်ပြီး ဆက်ဆံရေး တိုးမြှင့်မည်ဟု ကတိပြု

    ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်တို့သည် စာဖြင့် အပြန်အလှန် ဆက်သွယ်မှုပြုပြီး ဆက်ဆံရေး တိုးမြှင့်မည်ဟု ကတိပြုလိုက်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံက ဂျပန်လက်အောက်မှ လွတ်မြောက်သည့်     (၇၈)နှစ်မြောက် လွတ်မြောက်ရေးနေ့တွင် ယခုကဲ့သို့ စာဖြင့် အပြန်အလှန် ဆက်သွယ်ခြင်းဖြစ်သည်။

ဟိမဝန္တာဒေသ၌ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုများကြောင့် အနည်းဆုံး လူ ၄၈ ဦးသေဆုံး

ဟိမဝန္တာဒေသ၌ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုများကြောင့် အနည်းဆုံး လူ ၄၈ ဦးသေဆုံး

 အိန္ဒိယနိုင်ငံ ဟိမဝန္တာဒေသ၌ မိုးသည်းထန်စွာရွာသွန်းပြီး   မြေပြိုမှုများကြောင့် အနည်းဆုံး လူ ၄၈ ဦးသေဆုံးကြောင်း၊ လူများစွာမှာ ပျောက်ဆုံးဆဲ သို့မဟုတ် ပိတ်မိနေဆဲဖြစ်ကြောင်း    တာဝန်ရှိသူများက သြဂုတ် ၁၄ ရက်တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၄၈ နာရီဆက်တိုက် ပုံမှန်မဟုတ်သည့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟီမာချယ်ပရာဒက်ဒေသတွင် အဖြစ်ဆိုးနှင့်ကြုံရကြောင်း    ပြည်နယ်ဝန်ကြီးချုပ် ဆက်ဗင်ဒါဆင်းက ပြောသည်။

တရုတ်ကာကွယ်ရေးဝန်ကြီး ရုရှားနှင့် ဘယ်လာရုစ်သို့ သွားမည်

တရုတ်ကာကွယ်ရေးဝန်ကြီး ရုရှားနှင့် ဘယ်လာရုစ်သို့ သွားမည်

    တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်းဖူ သည် ယခုသီတင်းပတ်အတွင်း ရုရှားနှင့် ဘယ်လာရုစ်သို့   ချစ်ကြည်ရေး ခရီးသွား မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက သြဂုတ် ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါခရီးစဉ်အတွင်း ကာကွယ်ရေး ဝန်ကြီးအနေဖြင့် ၁၁ ကြိမ်မြောက် မော်စကို အပြည်ပြည်ဆိုင်ရာ လုံခြုံရေး ညီလာခံသို့ တက်ရောက်ကာ   ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။