နိုင်ငံတကာသတင်း

ဘင်္ဂလားဒေ့ရှ်၌ ရဲတပ်ဖွဲ့နှင့်ဆန္ဒပြသူများ အကြား ပဋိပက္ခများဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်၌ ရဲတပ်ဖွဲ့နှင့်ဆန္ဒပြသူများ အကြား ပဋိပက္ခများဖြစ်ပွား

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇူလိုင် ၂၉ ရက်တွင် ဒါကာမြို့ရှိ လမ်းမကြီးများကို  ပိတ်ဆို့ကာ ဆန္ဒပြနေကြသည့် ဆန္ဒပြသူများနှင့်  ရဲတပ်ဖွဲ့တို့အကြား   ပဋိပက္ခများ ဖြစ်ပွားကြောင်း သိရသည်။

ဆန္ဒပြသူများသည် ရဲတပ်ဖွဲ့ကိုခဲများဖြင့် ပစ်ပေါက်ခြင်းများ လုပ်ဆောင်လာစဉ် ရဲတပ်ဖွဲ့ကလည်း   ဆန္ဒပြလူအုပ်ကွဲစေရန် ရော်ဘာကျည်ဆန်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်သည်။

ဗြိတိန်၌ မီးရထားဝန်ဆောင်မှုအချို့ ရပ်ဆိုင်းလိုက်ရ

ဗြိတိန်၌ မီးရထားဝန်ဆောင်မှုအချို့ ရပ်ဆိုင်းလိုက်ရ

    ဗြိတိန်နိုင်ငံ၌ မီးရထားဝန်ထမ်းများ၏ လုပ်ခလစာ၊   လုပ်ငန်းဆောင်ရွက်ရမှု အခြေအနေတို့နှင့် ပတ်သက်၍ ဆန္ဒပြမှုများ ဖြစ်ပွားသောကြောင့် ဇူလိုင် ၂၉ ရက်တွင် မီးရထားဝန်ဆောင်မှုအချို့ ရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။

မီးရထားလုပ်ငန်း ကုမ္ပဏီများတွင် အလုပ်လုပ်နေသည့်   ဝန်ထမ်းများသည် တစ်နေကုန် သပိတ်မှောက်ခြင်းကြောင့် နိုင်ငံတစ်ဝန်းရှိ  မီးရထားဝန်ဆောင်မှု လုပ်ငန်းများကို ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်။

ပြည်ပလေယာဉ်များ၊ သင်္ဘောများကြောင့် အရှေ့နှင့်တောင်တရုတ် ပင်လယ်တို့တွင် တင်းမာမှုများမြင့်တက်စေ

ပြည်ပလေယာဉ်များ၊ သင်္ဘောများကြောင့် အရှေ့နှင့်တောင်တရုတ် ပင်လယ်တို့တွင် တင်းမာမှုများမြင့်တက်စေ

    ပြည်ပနိုင်ငံများက ၎င်းတို့၏ စစ်အင်အားကိုပြသလိုသည့်အနေဖြင့်  စေလွှတ်ခြင်းကြောင့် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့ အတွင်း ဝင်ရောက်လာသည့် လေယာဉ်များနှင့်သင်္ဘောများသည် ဒေသတွင်း တင်းမာမှုများကို မြင့်တက်စေကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

ရုရှားက အာဖရိကနိုင်ငံများအတွက် အကြွေးအမေရိကန်ဒေါ်လာ ၂၃ ဘီလီယံကိုလျှော်ပေး

ရုရှားက အာဖရိကနိုင်ငံများအတွက် အကြွေးအမေရိကန်ဒေါ်လာ ၂၃ ဘီလီယံကိုလျှော်ပေး

ဂျပန်က ကာကွယ်ရေးနယ်ပယ်ခုနစ်ခုတွင် စစ်အသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်သွားမည်

ဂျပန်က ကာကွယ်ရေးနယ်ပယ်ခုနစ်ခုတွင် စစ်အသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်သွားမည်

ဆမ်ဆောင်းကုမ္ပဏီက အပ်ပဲကို ယှဉ်ပြိုင်နိုင်ရန် စမတ်ခေါက်ဖုန်းများကို ထုတ်ဖော်ပြသ

ဆမ်ဆောင်းကုမ္ပဏီက အပ်ပဲကို ယှဉ်ပြိုင်နိုင်ရန် စမတ်ခေါက်ဖုန်းများကို ထုတ်ဖော်ပြသ

    ဆမ်ဆောင်းကုမ္ပဏီက အပ်ပဲကုမ္ပဏီကို ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်၍  ဇူလိုင် ၂၆ ရက်တွင် စမတ်ခေါက်ဖုန်းများကို ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင်    စမတ်ဖုန်းအများဆုံး ထုတ်လုပ်သူအဖြစ်   ရပ်တည်နေသည့် ဆမ်ဆောင်းကုမ္ပဏီသည်  စမတ်ခေါက်ဖုန်းများကို ၂၀၁၉ ခုနှစ်ကတည်းက ဖန်တီးခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ၎င်း၏သားကို ဝန်ကြီးချုပ်ရာထူး လွှဲပြောင်းပေးမည်

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ၎င်း၏သားကို ဝန်ကြီးချုပ်ရာထူး လွှဲပြောင်းပေးမည်

    ကမ္ဘာပေါ်တွင်  သက်တမ်းအရှည်ဆုံးသော  ဝန်ကြီးချုပ်များအနက် တစ်ဦးဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က ၎င်းအနေဖြင့် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်းနှင့်  ၎င်း၏သားကို  ဝန်ကြီးချုပ် ရာထူးလွှဲပြောင်းပေးမည်ဟု ဇူလိုင် ၂၆ ရက်တွင် ထုတ်ဖော် ကြေညာလိုက်သည်။

တရုတ်က လပေါ်ဆင်းသက်ခြင်း အတွက် တွန်းကန်အားမြင့် အင်ဂျင်ကို အောင်မြင်စွာ စမ်းသပ်နိုင်

တရုတ်က လပေါ်ဆင်းသက်ခြင်း အတွက် တွန်းကန်အားမြင့် အင်ဂျင်ကို အောင်မြင်စွာ စမ်းသပ်နိုင်

    တရုတ်နိုင်ငံက  လပေါ်ဆင်းသက်မည့် အာကာသလုပ်ငန်း တစ်ခုအတွက် တွန်းကန်အားမြင့် အင်ဂျင်ကို အောင်မြင်စွာ စမ်းသပ်လိုက်နိုင်ကြောင်း သိရသည်။

အဆိုပါအင်ဂျင်သည် Long March-10 အမျိုးအစား  သယ်ယူပို့ဆောင်ရေး ဒုံးပျံအတွက် အဓိကအင်ဂျင်ဖြစ်ပြီး ထိုဒုံးပျံကို လူလိုက်ပါသော    လပေါ်ဆင်းသက်ရေး အာကာသလုပ်ငန်း အတွက် အသုံးပြုသွားမည်ဖြစ်သည်။

Tik Tok ကုမ္ပဏီက အမေရိကန်၌ e-Commerce လုပ်ငန်းကို ထူထောင်မည်

Tik  Tok ကုမ္ပဏီက အမေရိကန်၌ e-Commerce လုပ်ငန်းကို ထူထောင်မည်

Tik  Tok  ကုမ္ပဏီက အမေရိကန်ပြည်ထောင်စု၌ e-Commerce လုပ်ငန်းကို ထူထောင်မည်ဖြစ်ကြောင်း အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍  ရင်းနှီးသူများ၏ ပြောဆိုချက်ကို ကိုးကားကာ Wall Street Journal က ဇူလိုင် ၂၅ ရက်တွင်ထုတ် ပြန်ထားသည်။

Tik  Tok ကုမ္ပဏီသည် အဆိုပါ e-Commerce လုပ်ငန်းကို သြဂုတ်လတွင် စတင်ထူထောင် လုပ်ဆောင်သွားဖွယ်ရှိပြီး အဓိကအားဖြင့် တရုတ်ပြည်တွင်းဖြစ် ကုန်ပစ္စည်းများကို အမေရိကန်နိုင်ငံသို့ တင်သွင်းရောင်းချ သွားမည်ဖြစ်သည်။