နိုင်ငံတကာသတင်း

ရုရှားနိုင်ငံက စီးပွားရေး ကျဆင်းမှုကို ကျော်လွှားနိုင်ခဲ့ပြီဟုဆို

ရုရှားနိုင်ငံက စီးပွားရေး ကျဆင်းမှုကို ကျော်လွှားနိုင်ခဲ့ပြီဟုဆို

    ရုရှားနိုင်ငံအနေဖြင့် အနောက်အုပ်စု၏ ပိတ်ဆို့မှုများကြောင့်ဖြစ်ပေါ်ခဲ့သော စီးပွားရေး ကျဆင်းမှုကို နောက်ဆုံးတွင် ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ရှေ့ဆက်၍ စီးပွားရေးအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း  ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က သြဂုတ် ၃ ရက်တွင်ပြောသည်။

ဥရောပဒေသ၌ NATO တပ်ဖွဲ့၏နယ်ချဲ့မှုက ယူကရိန်းပဋိပက္ခ၏ အကြောင်းရင်းဖြစ်ဟု တရုတ်ပြော

ဥရောပဒေသ၌ NATO  တပ်ဖွဲ့၏နယ်ချဲ့မှုက ယူကရိန်းပဋိပက္ခ၏ အကြောင်းရင်းဖြစ်ဟု တရုတ်ပြော

    ဥရောပဒေသအတွင်း NATO တပ်ဖွဲ့၏ နယ်မြေချဲ့ထွင်ခြင်းက ဥရောပတိုက်၏ လုံခြုံရေးကိုပျက်စီးစေပြီး  ယူကရိန်း ပဋိပက္ခဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းဖြစ်ကြောင်း တရုတ်သံတမန်တစ်ဦးက သြဂုတ် ၃ ရက်တွင် ပြောသည်။

ဓာတုကုထုံးအသစ်က ကင်ဆာအကျိတ် အစိုင်အခဲများ အားလုံးကို အပြီးတိုင် ဖျက်ဆီးပစ်နိုင်

ဓာတုကုထုံးအသစ်က ကင်ဆာအကျိတ် အစိုင်အခဲများ အားလုံးကို အပြီးတိုင် ဖျက်ဆီးပစ်နိုင်

    တစ်ချိန်က ကင်ဆာရောဂါဆိုတာနဲ့ လူတိုင်းကြောက်ရွံ့ထိတ်လန့်ကြလေ့ ရှိပါတယ်။ အကြောင်းရင်းကတော့ ကင်ဆာဖြစ်ပြီဆိုတာနဲ့ အချိန်တိုအတွင်း အသက်ဆုံးရှုံးရနိုင်ခြေ များလွန်းတာကြောင့်ပါ။

အခုတော့ အဲဒီလိုမဟုတ်တော့ပါဘူး။ ဆေးဝါးတွေခေတ်မီလာတာနဲ့အမျှ ကင်ဆာရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းနိုင်လာပါတယ်။ တချို့ဖြစ်ခါစ  ကင်ဆာရောဂါတွေကိုဆိုရင် အမြစ်ပြတ်အောင် ကုသပေးနိုင်လာပါတယ်။

တရုတ်ဆရာဝန်များက 5G စက်ရုပ်ကိုအသုံးပြုပြီး မိုင် ၃၅၀ အကွာမှနေ၍ မျက်စိခွဲစိတ်မှု လုပ်ဆောင်နိုင်

တရုတ်ဆရာဝန်များက 5G  စက်ရုပ်ကိုအသုံးပြုပြီး မိုင် ၃၅၀ အကွာမှနေ၍ မျက်စိခွဲစိတ်မှု လုပ်ဆောင်နိုင်

    ယနေ့ကမ္ဘာ့နိုင်ငံကြီးတချို့ဟာ   5G  ဆက်သွယ်မှု ကွန်ရက်ကို အသုံးပြုပြီး လူသားအကျိုးပြု လုပ်ငန်းများမှာ အသုံးချလာနေတာကို တွေ့ရပါတယ်။

တရုတ်နိုင်ငံ၌ ကလေးငယ်များ တစ်ရက်လျှင် ၂ နာရီထက်ပို၍ ဖုန်းမသုံးရန် တားမြစ်မည်

တရုတ်နိုင်ငံ၌ ကလေးငယ်များ တစ်ရက်လျှင် ၂ နာရီထက်ပို၍ ဖုန်းမသုံးရန် တားမြစ်မည်

    တရုတ်နိုင်ငံ၌ ကလေးငယ်များအနေဖြင့်  တစ်ရက်လျှင် ၂ နာရီထက်ပို၍ စမတ်ဖုန်း များအသုံးမပြုရန် တားမြစ်သွားမည်ဖြစ် ကြောင်း သိရသည်။

ထို့ကြောင့် စမတ်ဖုန်းကုမ္ပဏီများအနေဖြင့် ကလေးများအတွက် သီးခြားအစီအစဉ်ကို ထည့်သွင်းပေးရမည်ဖြစ်ပြီး ထိုအစီအစဉ်မှာ အသက် ၁၈ နှစ်အောက်ကလေးများ အနေဖြင့် ည ၁၀ နာရီမှ နံနက် ၆ နာရီအတွင်း စမတ်ဖုန်းများမှတစ်ဆင့် အင်တာနက် အသုံးပြုမှုကို တားမြစ်ခြင်းဖြစ်သည်။

ပေကျင်းမြို့၌ ရွာသွားသည့်မိုးက နှစ်ပေါင်း ၁၄၀ အတွင်း အသည်းထန်ဆုံးဖြစ်

ပေကျင်းမြို့၌ ရွာသွားသည့်မိုးက နှစ်ပေါင်း ၁၄၀ အတွင်း အသည်းထန်ဆုံးဖြစ်

    ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း ပေကျင်းမြို့၌ ရွာသွန်းသွားသော မိုးသည် နှစ်ပေါင်း ၁၄၀ အတွင်း အသည်းထန်ဆုံးဖြစ်ကြောင်း ပေကျင်း မိုးလေဝသဌာနက သြဂုတ် ၂ ရက်တွင်ထုတ်ပြန်ထားသည်။

ထိုကဲ့သို့   မိုးသည်းထန်စွာ ရွာသွန်းမှုအတွင်း အမြင့်ဆုံးမိုးရေချိန်သည် ၇၄၄ ဒသမ ၈ မီလီမီတာရှိကြောင်းနှင့် ယခင် အမြင့်ဆုံး မိုးရေချိန်မှာ ၁၈၉၁ ခုနှစ်တွင် တိုင်းတာရရှိခဲ့သည့်  ၆၀၉  မီလီမီတာ ဖြစ်ကြောင်း   ပေကျင်းမိုးလေဝသ ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျပန်နိုင်ငံက စစ်ဝါဒီနိုင်ငံအဖြစ် ဒုံရင်းပြန်ဆိုက်နေသည်ဟု မြောက်ကိုရီးယား သတိပေးပြောဆို

ဂျပန်နိုင်ငံက စစ်ဝါဒီနိုင်ငံအဖြစ် ဒုံရင်းပြန်ဆိုက်နေသည်ဟု မြောက်ကိုရီးယား သတိပေးပြောဆို

    ဂျပန်နိုင်ငံသည် စစ်အာဏာကို အသုံးပြုသည့် စစ်ဝါဒီနိုင်ငံအဖြစ်သို့ ဒုံရင်းပြန်ဆိုက်နေပြီဖြစ်ကြောင်း မြောက်ကိုရီးယား မီဒီယာက သတိပေးပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွား အနည်းဆုံးလူ ၁၂ ဦးသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရ

ထိုင်းနိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွား အနည်းဆုံးလူ ၁၂ ဦးသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရ

    ထိုင်းနိုင်ငံရှိ  မီးရှူးမီးပန်းစက်ရုံတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ   အနည်းဆုံးလူ ၁၂ ဦးသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိ ကြောင်း သိရသည်။

ပေါက်ကွဲမှုသည်   ဇူလိုင် ၂၉ ရက် နှောင်းပိုင်းတွင်ဖြစ်ပွားခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ ၁၁၈ ဦးအနက်အများစုမှာ မီးလောင် ဒဏ်ရာများ ရရှိခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။

အမေရိကန်ထုတ် HIMARS ဒုံးကျည်များကို ရုရှားကပစ်ချနိုင်မှုအပေါ် ဇီလန်စကီ စိတ်ပျက်နေ

အမေရိကန်ထုတ် HIMARS ဒုံးကျည်များကို ရုရှားကပစ်ချနိုင်မှုအပေါ် ဇီလန်စကီ စိတ်ပျက်နေ

   အမေရိကန်နိုင်ငံထုတ်  အဆင့်မြင့် ဒုံးကျည်များဖြစ်သော HIMARS  ဒုံးကျည်များကို ရုရှား၏လေကြောင်းရန် ကာကွယ်ရေးစနစ်က   ကြားဖြတ် ပစ်ချလိုက်နိုင်မှုအပေါ် ယူကရိန်းသမ္မတ ဗိုလိုဒိုမာဇီလန်စကီက စိတ်ပျက်နေကြောင်း သိရသည်။

တရုတ်(တိုင်ပေ)သို့ အမေရိကန်၏ ထောက်ပံ့မှုများက တရုတ်၏ ပေါင်းစည်းရေး ဆန္ဒကို မဟန့်တားနိုင်

တရုတ်(တိုင်ပေ)သို့ အမေရိကန်၏ ထောက်ပံ့မှုများက တရုတ်၏ ပေါင်းစည်းရေး ဆန္ဒကို မဟန့်တားနိုင်

    အမေရိကန်အစိုးရက  တရုတ်(တိုင်ပေ)သို့  စစ်လက်နက်ပစ္စည်းများ ထောက်ပံ့မှုသည်  တရုတ်အစိုးရ ရည်မှန်းထားသော ပေါင်းစည်းရေးဆန္ဒကို    မဟန့်တားနိုင်ကြောင်း တရုတ်အစိုးရ၏ တရုတ်(တိုင်ပေ)ရေးရာရုံးက ထုတ်ပြန်လိုက်သည်။

တရုတ်(တိုင်ပေ)သို့ အမေရိကန်ဒေါ်လာ ၃၄၅ သန်းတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးမှုသည် ထိုဒေသကို ခဲယမ်းတိုက်အဖြစ် ပြောင်းလဲနေခြင်းဖြစ်ကြောင်း တရုတ်အစိုးရက ပြောထားသည်။