နိုင်ငံတကာသတင်း

ရုရှားက ယူကရိန်းမှဒုက္ခသည် တစ်သန်းကို ကယ်ဆယ်ထားပြီး ဖြစ်ဟုဆို

ရုရှားအစိုးရအနေဖြင့် ယူကရိန်းအထူးစစ်ဆင်ရေးစတင်သော ဖေဖော်ဝါရီ ၂၄ ရက်မှစ၍  ယူကရိန်းနိုင်ငံမှ  ဒုက္ခသည် တစ်သန်းကို ကယ်ဆယ်ထားပြီး ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ဧပြီ ၃၀ ရက်တွင်ပြောသည်။

NATO တပ်ဖွဲ့၏ စစ်ရေးလေ့ကျင့်ခန်းကို တူရကီသပိတ်မှောက်

တူရကီနိုင်ငံက  ဂရိနိုင်ငံနှင့်တင်းမာမှု မြင့်တက်နေစဉ် NATO တပ်ဖွဲ့က  လုပ်ဆောင်သော   စစ်ရေးလေ့ကျင့်ခန်းကို သပိတ်မှောက်ပြီး ပါဝင်လေ့ကျင့်မည် မဟုတ်ကြောင်း လုံခြုံရေးသတင်းအရင်းအမြစ်များ

ခြိမ်းခြောက်ခံရပါက ကြိုတင်လက်ဦးမှုယူတိုက်ခိုက်မည်ဟု မြောက်ကိုရီးယားသတိပေး

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ခြိမ်းခြောက်ခံရပါက ကြိုတင်လက်ဦးမှုယူတိုက်ခိုက်သွားမည်ဖြစ်ကြောင်း  မြောက်ကိုရီးယားခေါင်းဆောင်   ကင်ဂျုံအွန်က သတိပေးထားသည်ဟု  KCNA သတင်းဌာနက ဧပြီ ၃၀ ရက်တွင် ဖော်ပြထားသည်။

သီရိလင်္ကာက ကာလရှည်ဗီဇာများ ထုတ်ရောင်းမည်

အစားအစာနှင့်စက်သုံးဆီ   ဝယ်ယူရေးအတွက် ပြည်ပငွေကြေးရှားပါးမှုနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာနိုင်ငံက  ကာလရှည်ဗီဇာများကို ထုတ်ရောင်းမည် ဖြစ်ကြောင်း ဧပြီ ၂၆ ရက်တွင်ထုတ်ပြန် ကြေညာသည်။

တရုတ်က စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံအဆောက်အအုံများ တိုးမြှင့်ဆောက်လုပ်မည်

တရုတ်နိုင်ငံအနေဖြင့်  စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်တွင်းဝယ်လိုအား မြင့်မားလာစေရေးအတွက် အခြေခံအဆောက်အအုံများ တိုးမြှင့်ဆောက်လုပ်မည် ဖြစ်ကြောင်း     သမ္မတရှီကျင့်ဖျင်၏ ပြောဆိုချက်ကို ကိုးကား၍  နိုင်ငံပိုင်သတင်းဌာနက ဧပြီ ၂၆ ရက်တွင် ဖော်ပြထားသည်။

ဗီယက်နမ်က ၂၀၃၀ ပြည့်နှစ် အရောက်တွင် စွမ်းအင်ပမာဏကို ယခုထက်နှစ်ဆ ထုတ်လုပ်မည်

ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်အရောက်တွင်  စွမ်းအင်ပမာဏကို  ယခုထက် နှစ်ဆဖြစ်သည့် ၁၄၆၀၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း အစိုးရက  ဧပြီ  ၂၆  ရက်တွင် ထုတ်ပြန်သည်။

တတိယကမ္ဘာစစ်ဖြစ်စေနိုင်သည့် အန္တရာယ်အစစ်နှင့် ပတ်သက်၍ ရုရှားသတိပေး

ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ပေးပို့ရေးအတွက် အမေရိကန်နှင့်မဟာမိတ်နိုင်ငံများမတွေ့ဆုံမီတွင် တတိယကမ္ဘာစစ်ဖြစ်စေနိုင်သည့်  အန္တရာယ်အစစ်နှင့် ပတ်သက်၍ ရုရှားက သတိပေးလိုက်ကြောင်း သိရသည်။

မြောက်ကိုရီးယားက စစ်ရေးပြအခမ်းအနားတွင် တိုက်ချင်းပစ်ဒုံးကျည်များကိုထည့်သွင်းပြသ

မြောက်ကိုရီးယားနိုင်ငံက တပ်မတော်ကို တည်ထောင်သည့်   အထိမ်းအမှတ်နေ့၌ ကျင်းပသော စစ်ရေးပြအခမ်းအနားတွင် တိုက်ချင်းပစ်အမြင့်ပျံ ဒုံးကျည်များ (ICBM)နှင့် အခြားလက်နက်များကို ထည့်သွင်းပြသကာ နျူကလီးယား လက်နက်ထုတ်လုပ်မှုကို တိုးမြှင့်သွားမည်ဟု နိုင်ငံပိုင်သတင်းဌာနက ဧပြီ ၂၆ ရက်တွင်ဖော်ပြသည်။

ပါကစ္စတန်၌ အမျိုးသမီးတစ်ဦးက အသေခံဗုံးခွဲတိုက်ခိုက်

ပါကစ္စတန်နိုင်ငံရှိ ခွဲထွက်ရေးအဖွဲ့တစ်ဖွဲ့မှ အမျိုးသမီးတစ်ဦးသည် ဧပြီ ၂၆ ရက် တွင် ကရာချိတက္ကသိုလ်မှဝန်ထမ်းများကို တင်ဆောင်လာသည့် ကားသေးတစ်စီးကို အသေခံဗုံးခွဲတိုက်ခိုက်ရာ လူလေးဦးသေဆုံးကြောင်း သိရသည်။

အိန္ဒိယက ရုရှားမှ ကုတ်ကျောက်မီးသွေး ပြန်လည်တင်သွင်းမည်

ရုရှားနဲ့အိန္ဒိယတာဝန်ရှိသူများက ပြီးခဲ့တဲ့ သီတင်းပတ်မှာ တွေ့ဆုံပြီး အိန္ဒိယက ရုရှားမှ ကုတ်ကျောက်မီးသွေးတွေ ပြန်လည်တင်ပို့မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။