နိုင်ငံတကာသတင်း

တစ်စည်ကို ၁၁၃ ဒေါ်လာအထိ ရောက်ရှိသွားတဲ့ Brentရေနံစိမ်းဈေးနှုန်း

မေ ၆ ရက် နံနက်ပိုင်းမှာတော့ ရေနံစိမ်းဈေးနှုန်းက သီတင်းပတ်နှစ်ပတ်ဆက်တိုက် မြင့်တက်လာတဲ့ အခြေအနေအထိ ရောက်ရှိသွားပါတယ်။

ယူဂန္ဓာဗဟိုဘဏ်က ဒစ်ဂျစ်တယ်ငွေကြေးထုတ်ဝေရန် စဉ်းစားနေ

ယူဂန္ဓာဗဟိုဘဏ်ကတော့ ခရစ်တိုငွေကြေးတွေကို တားမြစ်ပိတ်ပင်ခြင်း အလျဉ်းမရှိဘဲ ဒစ်ဂျစ်တယ်ငွေကြေးကို ထုတ်ဝေဖို့ စဉ်းစားနေပါတယ်။

The Rock အမည်ရှိ ကမ္ဘာ့အကြီးဆုံးရှားပါးစိန်ဖြူကို ဂျီနီဗာမြို့၌ လေလံတင်ရောင်းချသွားမည်

အလေးချိန် ၂၂၈ ဒသမ ၃၁ ကာရတ်ရှိ    The Rock ဟုအမည်ပေးထားသည့်    ကမ္ဘာ့အကြီးဆုံးရှားပါးစိန်ဖြူကို ခရစ်စတီးကုမ္ပဏီက လာမည့် သီတင်းပတ်တွင် ဆွစ်ဇာလန်နိုင်ငံ    ဂျီနီဗာမြို့၌ လေလံတင်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ဥရောပနိုင်ငံများက ရုရှား၏ ဓာတ်ငွေ့များနေရာကို အစားထိုးနိုင်စွမ်း မရှိဟုဆို

ဥရောပနိုင်ငံများသည် စွမ်းအင်အပြောင်းအလဲမရှိပါက ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့များ နေရာကို အစားထိုးနိုင်စွမ်း မရှိကြောင်း ရှဲကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ်   ဘန်ဗန်ဘာဒန်ကပြောသည်။

စံချိန်တင်မြင့်တက်ခဲ့သော ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ ဧပြီလတွင် အနည်းငယ် ကျဆင်းလာ

ယခုနှစ်မတ်လတွင် စံချိန်တင်မြင့်တက်ခဲ့သော ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများသည်   ဧပြီလတွင် အနည်းငယ် ကျဆင်းလာကြောင်း၊ သို့သော်စားနပ်ရိက္ခာဖူလုံရေးသည် ခက်ခဲသော ဈေးကွက်အခြေအနေများကြောင့် စိုးရိမ်ပူပန်နေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ စားနပ်ရိက္ခာ အေဂျင်စီက မေ ၆ ရက်တွင်ထုတ်ပြန်သည်။

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားတိုင်း လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်ပါက အစိုးရထံမှ လျော်ကြေးတောင်းနိုင်တော့မည်ဟုဆို

ဥရောပသမဂ္ဂအဖွဲ့ဝင်  နိုင်ငံများမှ နိုင်ငံသားများအနေဖြင့် လေထုညစ်ညမ်းမှုကြောင့်  ကျန်းမာရေး ထိခိုက်စေသည် အထိဖြစ်ပွားပါက သက်ဆိုင်ရာအစိုးရများကို တရားစွဲပြီး လျော်ကြေးငွေတောင်းခံနိုင်တော့မည် ဖြစ်ကြောင်း ဥရောပတရားရုံးချုပ်မှ အကြံပေးတစ်ဦးက မေ ၅ ရက်တွင်ပြောသည်။

ကမ္ဘာမီးလောင် သားကောင်ချနင်းနေရပြီလား အီသီယိုးပီးယား

ကမ္ဘာမီးလောင် သားကောင်ချနင်းတဲ့။ ဘယ်လောက်တောင်ရက်စက်လိုက်ပါဘိ။ ကမ္ဘာမြေမီးလောင်သကဲ့သို့  ပူပြင်းလာတဲ့ အခါမှာ ကိုယ့်ရင်မှာထွေးပိုက်ထားတဲ့ သားကိုတောင်မှ ချနင်းရက်တဲ့အထိ လူသားတွေရဲ့ အတ္တကြီးပုံကို       ဒီစကားပုံလေးက ဖော်ကျူးထားတာပါ။

ရုရှား၏ အရေးယူပိတ်ဆို့မှု စာရင်းတွင် ဂျပန်ဝန်ကြီးချုပ် ပါဝင်လာ

ရုရှားအစိုးရက သတ်မှတ်ပြဋ္ဌာန်းသော အရေးယူ ပိတ်ဆို့မှုစာရင်းတွင်     ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါလည်း ပါဝင်လာကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၄ ရက်တွင် ထုတ်ပြန်သည်။

မြောက်ကိုရီးယားက အမြင့်ပျံဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့ဟု တောင်ကိုရီးယားစစ်ဘက်ပြော

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ပြုံယမ်းမြို့အနီး ဆူနမ်ဒေသမှနေ၍     အမြင့်ပျံဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်မှ လေ့လာစောင့်ကြည့်ချက်အရ တွေ့ရသည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံး၏ ပြောဆိုချက်ကို ကိုးကား၍ Yonhap သတင်းဌာနက မေ ၄ ရက်တွင် ထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံက ပြည်သူများကို ဂျုံအစား ဆန်များ ပိုမိုထောက်ပံ့ပေးမည်

အိန္ဒိယနိုင်ငံ၌ အပူလှိုင်းဖြတ်သန်းမှုပြီးပါက အစိုးရအနေဖြင့်    စားနပ်ရိက္ခာ သက်သာချောင်ချိရေး အစီအစဉ်အတွက် ပြည်သူများကို ဂျုံအစား ဆန်များပိုမိုခွဲဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။