နိုင်ငံတကာသတင်း

စံချိန်တင်မြင့်တက်ခဲ့သော ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ ဧပြီလတွင် အနည်းငယ် ကျဆင်းလာ

ယခုနှစ်မတ်လတွင် စံချိန်တင်မြင့်တက်ခဲ့သော ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများသည်   ဧပြီလတွင် အနည်းငယ် ကျဆင်းလာကြောင်း၊ သို့သော်စားနပ်ရိက္ခာဖူလုံရေးသည် ခက်ခဲသော ဈေးကွက်အခြေအနေများကြောင့် စိုးရိမ်ပူပန်နေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ စားနပ်ရိက္ခာ အေဂျင်စီက မေ ၆ ရက်တွင်ထုတ်ပြန်သည်။

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားတိုင်း လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်ပါက အစိုးရထံမှ လျော်ကြေးတောင်းနိုင်တော့မည်ဟုဆို

ဥရောပသမဂ္ဂအဖွဲ့ဝင်  နိုင်ငံများမှ နိုင်ငံသားများအနေဖြင့် လေထုညစ်ညမ်းမှုကြောင့်  ကျန်းမာရေး ထိခိုက်စေသည် အထိဖြစ်ပွားပါက သက်ဆိုင်ရာအစိုးရများကို တရားစွဲပြီး လျော်ကြေးငွေတောင်းခံနိုင်တော့မည် ဖြစ်ကြောင်း ဥရောပတရားရုံးချုပ်မှ အကြံပေးတစ်ဦးက မေ ၅ ရက်တွင်ပြောသည်။

ကမ္ဘာမီးလောင် သားကောင်ချနင်းနေရပြီလား အီသီယိုးပီးယား

ကမ္ဘာမီးလောင် သားကောင်ချနင်းတဲ့။ ဘယ်လောက်တောင်ရက်စက်လိုက်ပါဘိ။ ကမ္ဘာမြေမီးလောင်သကဲ့သို့  ပူပြင်းလာတဲ့ အခါမှာ ကိုယ့်ရင်မှာထွေးပိုက်ထားတဲ့ သားကိုတောင်မှ ချနင်းရက်တဲ့အထိ လူသားတွေရဲ့ အတ္တကြီးပုံကို       ဒီစကားပုံလေးက ဖော်ကျူးထားတာပါ။

ရုရှား၏ အရေးယူပိတ်ဆို့မှု စာရင်းတွင် ဂျပန်ဝန်ကြီးချုပ် ပါဝင်လာ

ရုရှားအစိုးရက သတ်မှတ်ပြဋ္ဌာန်းသော အရေးယူ ပိတ်ဆို့မှုစာရင်းတွင်     ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါလည်း ပါဝင်လာကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၄ ရက်တွင် ထုတ်ပြန်သည်။

မြောက်ကိုရီးယားက အမြင့်ပျံဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့ဟု တောင်ကိုရီးယားစစ်ဘက်ပြော

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ပြုံယမ်းမြို့အနီး ဆူနမ်ဒေသမှနေ၍     အမြင့်ပျံဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်မှ လေ့လာစောင့်ကြည့်ချက်အရ တွေ့ရသည်ဟု တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံး၏ ပြောဆိုချက်ကို ကိုးကား၍ Yonhap သတင်းဌာနက မေ ၄ ရက်တွင် ထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံက ပြည်သူများကို ဂျုံအစား ဆန်များ ပိုမိုထောက်ပံ့ပေးမည်

အိန္ဒိယနိုင်ငံ၌ အပူလှိုင်းဖြတ်သန်းမှုပြီးပါက အစိုးရအနေဖြင့်    စားနပ်ရိက္ခာ သက်သာချောင်ချိရေး အစီအစဉ်အတွက် ပြည်သူများကို ဂျုံအစား ဆန်များပိုမိုခွဲဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဥရောပသမဂ္ဂက ရုရှားမှရေနံတင်သွင်းမှု ရပ်ဆိုင်းမယ့် အစီအစဉ်ကြောင့် ဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာ

ဥရောပသမဂ္ဂက ရုရှားမှရေနံတင်သွင်းမှု ရပ်ဆိုင်းမယ့် အစီအစဉ်အပါအဝင်  အခုသီတင်းပတ်အတွင်းမှာ   တင်းကျပ်တဲ့ အရေးယူပိတ်ဆို့မှုတွေချမှတ်မယ့် အခြေအနေကြောင့်   ကမ္ဘာ့စက်သုံးဆီဈေးဟာ မေ ၃ ရက်နံနက်ပိုင်းမှာ တစ်ဖန်ပြန်လည် မြင့်တက်လာပါတယ်။

လျှပ်စစ်ကားများ အရောင်းသွက်စေရေး အစိုးရက ထောက်ပံ့ငွေပေးရန်လိုအပ်နေ

တရုတ်နိုင်ငံမှာ အရောင်းထိုင်းသွားတဲ့ လျှပ်စစ်ကားများ အရောင်းပြန်သွက်စေရေးအတွက်   ဒေသတွင်း အစိုးရများအနေနဲ့ ကားဝယ်ယူသူတိုင်းကို ထောက်ပံ့ငွေများ ပြန်ပေးရန် လိုအပ်ကြောင်း   လေ့လာသူများက ပြောပါတယ်။

အွန်လိုင်းမီဒီယာများက ကမ္ဘာကြီးတွင် သဘောထားကွဲလွဲမှုများနှင့် တင်းမာမှုများ ဖြစ်စေရန် မီးထိုးပေးနေ

စည်းကမ်းဖြင့်ထိန်းသိမ်းထားခြင်းမရှိသော အွန်လိုင်းမီဒီယာများသည် သတင်းတုများနှင့် ဝါဒဖြန့်မှုများကို ဖြန့်ဖြူးနေသောကြောင့် ကမ္ဘာတစ်ဝန်းတွင် နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုများနှင့် တင်းမာမှုများ ဖြစ်စေရန် မီးထိုးပေးနေကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့က မေ ၃ ရက်တွင် ထုတ်ပြန်သည်။

နှစ်ပေါင်း ၆၆ သန်းကျော်ရှိ ရေနေသတ္တဝါများ၏ ကျောက်ဖြစ် ရုပ်ကြွင်းများကို ဘန်ကောက်၌ တွေ့ရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လူသွားလမ်းတစ်ခု၌ နှစ်ပေါင်း ၆၆ သန်းကျော်ရှိ ရေနေသတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို တွေ့ရှိကြောင်း သိရသည်။