နိုင်ငံတကာသတင်း

ကိုယ်တိုင်ပြန်လည်ပြုပြင် မောင်းနိုင်စွမ်းရှိတဲ့ မောင်းသူမဲ့ လေယာဉ်အုပ်ကို တရုတ်ထုတ်ဖော်ပြသ

ကိုယ်တိုင်ပြန်လည်ပြုပြင် မောင်းနိုင်စွမ်းရှိတဲ့ မောင်းသူမဲ့ လေယာဉ်အုပ်ကို တရုတ်ထုတ်ဖော်ပြသ

    တရုတ်နိုင်ငံက မောင်းသူမဲ့လေယာဉ်၊ ရေယာဉ်နဲ့ အခြားသော ယာဉ်များကဲ့သို့ အဆင့်မြင့်မောင်းသူမဲ့ ယာဉ်များကို ဖန်တီးထုတ်လုပ်ရာမှာ နာမည်ကျော်ကြားသလို အသိဉာဏ်ရှိတဲ့ စနစ်များကိုဖန်တီးရာမှာလည်း ထူးချွန်မှုရှိပါတယ်။

အစိုးရဖွဲ့နိုင်ရေးအတွက် ဖူထိုင်းပါတီ၏ ကမ်းလှမ်းချက်ကို ဖူကြိုင်ထိုင်းပါတီ လက်ခံ

အစိုးရဖွဲ့နိုင်ရေးအတွက် ဖူထိုင်းပါတီ၏ ကမ်းလှမ်းချက်ကို ဖူကြိုင်ထိုင်းပါတီ လက်ခံ

    အစိုးရအဖွဲ့ဖွဲ့နိုင်ရေး အတွက် ဖူထိုင်းပါတီ၏ ကမ်းလှမ်းချက်ကို  ဖူကြိုင်ထိုင်းပါတီက လက်ခံကြောင်း ပါတီခေါင်းဆောင် အန်နူတင်ချန်ဝီရာကူက သြဂုတ် ၇ ရက်တွင် ပြောသည်။

    မေလတွင်ကျင်းပသော ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည့် Move Forward ပါတီသည် လွှတ်တော်၏ ထောက်ခံမှုကို မရရှိ သောကြောင့် ဒုတိယမဲအများဆုံး ရရှိသည့် ဖူထိုင်းပါတီက အစိုးရဖွဲ့နိုင်ရေးအတွက် ကြိုးပမ်းလာခြင်းဖြစ်သည်။

မိုဒီက ဒေါ်လာ ၃ ဘီလီယံကုန်ကျမည့် မီးရထားလမ်းများ အဆင့်မြှင့်တင်ရေး အစီအစဉ် ပထမအဆင့်စတင်

မိုဒီက ဒေါ်လာ ၃ ဘီလီယံကုန်ကျမည့် မီးရထားလမ်းများ အဆင့်မြှင့်တင်ရေး အစီအစဉ် ပထမအဆင့်စတင်

    အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ကုန်ကျမည့် မီးရထားလမ်းများ  အဆင့်မြှင့်တင်ရေး အစီအစဉ် ပထမအဆင့်ကို သြဂုတ် ၆ ရက်တွင် စတင်လိုက်ကြောင်း သိရသည်။

ပထမအဆင့်စီမံကိန်း အရ ပြည်နယ် ၂၇ ခုရှိ ဘူတာရုံ ၅၀၈ ခုကို အဆင့်မြှင့်တင် တည်ဆောက်သွားမည်ဖြစ်သည်။ နောက်ပိုင်းတွင်မူ နိုင်ငံအတွင်းရှိ ဘူတာရုံ ၇၃၀၀ အနက် ၁၃၀၀ ကျော်ကို ပြောင်းလဲမှုများ လုပ်ဆောင် သွားမည်ဖြစ်သည်။

ကမ္ဘောဒီးယားဘုရင်က ဟွန်ဆန်၏သားကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်

ကမ္ဘောဒီးယားဘုရင်က ဟွန်ဆန်၏သားကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်

    ကမ္ဘောဒီးယားဘုရင်က နှစ်ပေါင်း ၄၀ နီးပါးကြာ  တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်၏သား ဟွန်မာနတ်ကို နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် သြဂုတ် ၇ ရက်တွင် ခန့်အပ်လိုက်ကြောင်း သိရသည်။

ဇူလိုင်လအတွင်း   ကျင်းပသည့် ရွေးကောက်ပွဲ၌    အနိုင်ရရှိပြီးနောက် ဟွန်ဆန်က ၎င်းအနေဖြင့် ဝန်ကြီးချုပ် ရာထူးမှ အနားယူကာ ၎င်း၏သား ဟွန်မာနတ်ကို ဝန်ကြီးချုပ်အဖြစ် ဆက်လက် တာဝန်ပေးသွားမည်ဟု ကြေညာခဲ့သည်။

ပြည်တွင်းဖြစ်ကို အားပေးစေရန် အိန္ဒိယက လပ်တော့များ တင်သွင်းမှုကို တားမြစ်

 

ပြည်တွင်းဖြစ်ကို အားပေးစေရန် အိန္ဒိယက လပ်တော့များ တင်သွင်းမှုကို တားမြစ်

    အိန္ဒိယအစိုးရက ပြည်သူများအနေဖြင့် ပြည်တွင်းဖြစ် ကုန်ပစ္စည်းများကို ပိုမိုအားပေးစေရန်ရည်ရွယ်၍  ပြည်ပမှ လပ်တော့များ တင်သွင်းမှုကို တားမြစ်လိုက်ကြောင်း သိရသည်။

အဆိုပါတားမြစ်မှုတွင်    စားပွဲတင် ကွန်ပျူတာများ၊ တက်ဘလက်များနှင့် အခြားလူသုံးကုန် လျှပ်စစ်ပစ္စည်းများလည်း ပါဝင်သည်။

ရုရှားက ဥရောပ၏ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံဖြစ်လာ

ရုရှားက ဥရောပ၏ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံဖြစ်လာ

    ရုရှားနိုင်ငံသည် ဥရောပ၏ စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံနှင့် ကမ္ဘာပေါ်ရှိ စီးပွားရေးအင်အားကြီး ငါးနိုင်ငံအနက် တစ်နိုင်ငံဖြစ်လာကြောင်း သိရသည်။

အနောက်အုပ်စုက ရုရှားနိုင်ငံအပေါ်  ပိတ်ဆို့မှုများ ချမှတ်ထားသည့်ကြားမှ ၂၀၂၂ ခုနှစ် အကုန်ပိုင်းအထိ ၎င်းတို့၏ ဝယ်ယူမှု စွမ်းရည်အရ ယခုကဲ့သို့စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်လာခြင်းဖြစ်ကြောင်း ကမ္ဘာ့စီးပွားရေး အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နျူကလီးယားက လူသားများကို မဖျက်ဆီးမီ လူသားများက နျူကလီးယားကို ဖျက်ဆီးရန် ပညာရှင်များ တောင်းဆို

နျူကလီးယားက လူသားများကို မဖျက်ဆီးမီ လူသားများက  နျူကလီးယားကို ဖျက်ဆီးရန် ပညာရှင်များ တောင်းဆို

     နျူကလီးယားလက်နက်များက လူသားများကို မဖျက်ဆီးမီ လူသားများက နျူကလီးယားလက်နက်များကို ဖျက်ဆီးရန် ပညာရှင်များက   တညီတညွတ်တည်း တောင်းဆိုလိုက်ကြောင်း သိရသည်။

ဆေးပညာဂျာနယ်ပေါင်း ၁၀၀ ကျော်က သြဂုတ် ၃ ရက်တွင် တူညီသော တောင်းဆိုချက်ကို ထုတ်ပြန်ကာ ၎င်းတို့၏ ညီညွတ်မှုကို ပြသလိုက်ခြင်းဖြစ်သည်။

ပီရူးတွင်တွေ့ရသော ဝေလငါး အရိုးစုက တစ်ခါမျှမမြင်ဖူးသည့် အကြီးဆုံးသော တိရစ္ဆာန်ဖြစ်နိုင်

ပီရူးတွင်တွေ့ရသော ဝေလငါး အရိုးစုက တစ်ခါမျှမမြင်ဖူးသည့် အကြီးဆုံးသော တိရစ္ဆာန်ဖြစ်နိုင်

    ပီရူးနိုင်ငံ၌တွေ့ရှိရသော ဝေလငါးအရိုးစုက တစ်သက်တွင် တစ်ခါမျှမမြင်ဖူးသည့် အကြီးဆုံးသော တိရစ္ဆာန်ဖြစ်နိုင် ကြောင်း သိပ္ပံပညာရှင်များက သြဂုတ် ၂ ရက်တွင် ထုတ်ပြန်ထားသည်။

ရုရှားနိုင်ငံက စီးပွားရေး ကျဆင်းမှုကို ကျော်လွှားနိုင်ခဲ့ပြီဟုဆို

ရုရှားနိုင်ငံက စီးပွားရေး ကျဆင်းမှုကို ကျော်လွှားနိုင်ခဲ့ပြီဟုဆို

    ရုရှားနိုင်ငံအနေဖြင့် အနောက်အုပ်စု၏ ပိတ်ဆို့မှုများကြောင့်ဖြစ်ပေါ်ခဲ့သော စီးပွားရေး ကျဆင်းမှုကို နောက်ဆုံးတွင် ကျော်လွှားနိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ရှေ့ဆက်၍ စီးပွားရေးအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း  ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က သြဂုတ် ၃ ရက်တွင်ပြောသည်။

ဥရောပဒေသ၌ NATO တပ်ဖွဲ့၏နယ်ချဲ့မှုက ယူကရိန်းပဋိပက္ခ၏ အကြောင်းရင်းဖြစ်ဟု တရုတ်ပြော

ဥရောပဒေသ၌ NATO  တပ်ဖွဲ့၏နယ်ချဲ့မှုက ယူကရိန်းပဋိပက္ခ၏ အကြောင်းရင်းဖြစ်ဟု တရုတ်ပြော

    ဥရောပဒေသအတွင်း NATO တပ်ဖွဲ့၏ နယ်မြေချဲ့ထွင်ခြင်းက ဥရောပတိုက်၏ လုံခြုံရေးကိုပျက်စီးစေပြီး  ယူကရိန်း ပဋိပက္ခဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းဖြစ်ကြောင်း တရုတ်သံတမန်တစ်ဦးက သြဂုတ် ၃ ရက်တွင် ပြောသည်။