နိုင်ငံတကာသတင်း

ကင်ဂျုံအွန်၏ခရီးစဉ်က ရင်းနှီးနွေးထွေးမှုရှိဟု ပူတင်ပြော

ကင်ဂျုံအွန်၏ခရီးစဉ်က ရင်းနှီးနွေးထွေးမှုရှိဟု ပူတင်ပြော

မော်စကို၊ ချစ်ကြည်ရေး

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ရုရှားနိုင်ငံသို့ခရီးစဉ်သည် ရင်းနှီးနွေးထွေးမှုရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောသည်။

ကင်ဂျုံအွန်သည် စက်တင်ဘာ ၁၂ ရက်တွင် ရုရှားနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး စက်တင်ဘာ ၁၃ ရက် တွင် ပူတင်နှင့်တွေ့ဆုံခြင်းဖြစ်သည်။

ပူတင်နှင့်ဆွေးနွေးရန် ကင်ဂျုံအွန် ရုရှားသို့ရောက်ရှိ

ပူတင်နှင့်ဆွေးနွေးရန် ကင်ဂျုံအွန် ရုရှားသို့ရောက်ရှိ

မော်စကို၊ နိုင်ငံရေး

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် စက်တင်ဘာ ၁၂ ရက်တွင် ရုရှားနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။

ကင်ဂျုံအွန်လိုက်ပါလာသော သံချပ်ကာရထားသည် နှစ်နိုင်ငံနယ်စပ်တွင်ခေတ္တရပ်ပြီး ဆက်လက် ခရီးထွက်ခွာလာ ခြင်းဖြစ်ကြောင်းနှင့် နံနက်အစောပိုင်းတွင် ရုရှားနိုင်ငံ ဗလာဒီဗော့စတော့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ထားသည်။

မော်ရိုကို၌ အင်အားပြင်းငလျင်လှုပ် လူ ၈၂၀ ကျော် သေဆုံးပြီး ၆၇၀ ကျော် ဒဏ်ရာရ

မော်ရိုကို၌ အင်အားပြင်းငလျင်လှုပ် လူ ၈၂၀ ကျော် သေဆုံးပြီး ၆၇၀ ကျော် ဒဏ်ရာရ

 

မော်ရိုကိုနိုင်ငံ၌ စက်တင်ဘာ ၈ ရက်

    ညပိုင်းတွင် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်မှုဖြစ်ပွားရာ လက်ရှိအချိန်အထိ သေဆုံးသူစုစုပေါင်း ၈၂၀ ကျော်ရှိလာပြီ ဖြစ်ကြောင်း တာဝန်ရှိသူများက စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ထားသည်။

ယူကရိန်းတို့၏ စစ်ဆင်ရေးသည် ရပ်တန့်နေခြင်းမဟုတ်ဘဲ ကျရှုံးသွားခြင်းသာဖြစ်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်ကမှတ်ချက်ပြု

ယူကရိန်းတို့၏ စစ်ဆင်ရေးသည် ရပ်တန့်နေခြင်းမဟုတ်ဘဲ ကျရှုံးသွားခြင်းသာဖြစ်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်ကမှတ်ချက်ပြု

ကိယက်၊ လုံခြုံရေး

ယူကရိန်းတို့၏ စစ်ဆင်ရေးသည် ရပ်တန့်နေခြင်းမဟုတ်ဘဲ ကျရှုံးသွားခြင်းသာဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်ကမှတ်ချက်ပြုပြောသည်။

ကမ္ဘာ့ရေးရာများကို ကိုင်တွယ်ရန် အမေရိကန်နှင့်တရုတ်တို့က ခေါင်းဆောင်မှုကို ပြသသင့်ဟုဆို

ကမ္ဘာ့ရေးရာများကို ကိုင်တွယ်ရန် အမေရိကန်နှင့်တရုတ်တို့က ခေါင်းဆောင်မှုကို ပြသသင့်ဟုဆို

ဂျကာတာ၊ နိုင်ငံရေး

များပြားလှစွာသော ကမ္ဘာ့ရေးရာကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် အမေရိကန်နှင့် တရုတ်တို့ အနေဖြင့် ခေါင်းဆောင်မှုကို ပြသသင့်ကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက စက်တင်ဘာ ၆ ရက် တွင် ပြောသည်။

ထိုင်းအစိုးရသစ်က နေထိုင်မှုစရိတ်ကိုလျှော့ချပြီး စီးပွားရေးကိုမြှင့်တင်ရန် ထောက်ပံ့မှုများပေးသွားမည်

ထိုင်းအစိုးရသစ်က နေထိုင်မှုစရိတ်ကိုလျှော့ချပြီး စီးပွားရေးကိုမြှင့်တင်ရန် ထောက်ပံ့မှုများပေးသွားမည်

ဘန်ကောက်၊ ပြည်တွင်းရေး

ထိုင်းအစိုးရသစ်က နိုင်ငံအတွင်းရှိပြည်သူများ၏ နေထိုင်မှုကုန်ကျစရိတ်ကိုလျှော့ချပြီး စီးပွားရေးကို မြှင့်တင်ရန် ထောက်ပံ့မှုများပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်အသစ် ဆရတ်သာထာဝီဆင်၏ မူဝါဒ မိန့်ခွန်းမူကြမ်းတွင် တွေ့ရသည်။

နည်းပညာတိုးတက်လာပြီ . . . လနဲ့နေနှစ်ပါးစုံညီ . . . လေ့လာရေး အိန္ဒိယစတင်ပြီ

နည်းပညာတိုးတက်လာပြီ . . . လနဲ့နေနှစ်ပါးစုံညီ . . . လေ့လာရေး အိန္ဒိယစတင်ပြီ

ဂျိုဟန်နက်စဘာ့ရှိ ငါးထပ်တိုက်တစ်လုံးမီးလောင်မှုကြောင့် သေဆုံးသူအယောက် ၇၀ အထိရှိလာ

ဂျိုဟန်နက်စဘာ့ရှိ ငါးထပ်တိုက်တစ်လုံးမီးလောင်မှုကြောင့် သေဆုံးသူအယောက် ၇၀ အထိရှိလာ

ဂျိုဟန်နက်စဘာ့၊ မတော်တဆမှု

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စဘာ့ မြို့ရှိ ငါးထပ်တိုက်တစ်လုံး၌ မီးလောင်မှုကြောင့် သေဆုံးသူ အယောက် ၇၀ အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါငါးထပ်တိုက်သည် စွန့်ပစ်ထား သည့်တိုက်တစ်လုံးဖြစ်ပြီး အိမ်ခြေရာမဲ့များ နေထိုင်နေသော နေရာဖြစ်ကြောင်းနှင့် ယခုမီးလောင်မှုသည် ပြီးခဲ့သည့်နှစ်အနည်း ငယ်အတွင်း မီးလောင်မှုကြောင့် လူသေဆုံး မှုအများဆုံးဖြစ်စဉ်ဖြစ်လာသည်။

အမေရိကန်နိုင်ငံသား ထက်ဝက်ခန့်က AI ကြောင့် ၎င်းတို့ အလုပ်ပြုတ်မည်ကို စိုးရိမ်နေရ

အမေရိကန်နိုင်ငံသား ထက်ဝက်ခန့်က AI ကြောင့် ၎င်းတို့ အလုပ်ပြုတ်မည်ကို စိုးရိမ်နေရ

    အမေရိကန်နိုင်ငံသား ထက်ဝက်ခန့်က ယနေ့တွင် တစ်နေ့တခြား တွင်ကျယ်လာသော အသိဉာဏ်တု (AI) ကြောင့် ၎င်းတို့အလုပ်ပြုတ်မည်ကို စိုးရိမ်နေရကြောင်း စစ်တမ်းတစ်ခုတွင်  ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါစစ်တမ်းကို  Harris Poll  အမည်ရှိ စစ်တမ်းကောက်ယူရေး အဖွဲ့ကထုတ်ပြန်ခြင်း ဖြစ်ပြီး စစ်တမ်းတွင် ပါဝင်ဖြေဆိုသူများအနက်   ၄၇ ရာခိုင်နှုန်းက AI များသည် ၎င်းတို့၏ အလုပ်အကိုင်နေရာများကို အလွယ်တကူ ရယူသွားနိုင်မည်ဟု ယုံကြည်ကြောင်း ဖြေဆိုထားသည်။