ဆိုင်ကလုန်းမုန်တိုင်း နီဗာ ၏လက်ရှိအခြေအနေကို အဝါရောင်အဆင့်ဟုသတ်မှတ်
နေပြည်တော် နိုဝင်ဘာ ၂၄
ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “နီဗာ” (NIVAR)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ ပူဒူချယ်ရီ (Puducherry) မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၂၀၀ မိုင်ခန့်နှင့် ချင်းနိုင်(Chennai)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ သည်။