မိုးလေဝသသတင်း

ကုန်းတွင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်

နေပြည်တော် အောက်တိုဘာ ၂၃
ယနေ့ညနေ ၅ နာရီခွဲအချိန်တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့် ဆက်စပ် လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ဆာဂါ (Sagar) ကျွန်းနှင့် ခီပူပါရာ (Khepupara) မြို့အကြားမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော မုန်တိုင်းငယ် (Depression) သည် ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) အဖြစ် ရောက်ရှိခဲ့ပြီး မြောက်- အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ်တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ် အားလျော့ သွားမည်ဟု ခန့်မှန်းရသည်။

လေဖိအားနည်း ရပ်ဝန်း ဆက်လက်တည်ရှိနေ

နေပြည်တော် အောက်တိုဘာ ၃

ယနေ့ည ၆နာရီခွဲအချိန် တိုင်းထွာချက်များအရ  ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ သြရိဿပြည်နယ် ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း သည် ဆက်လက် တည်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန် ထားသည်။   

လေဖိအားနည်း ရပ်ဝန်း တစ်ခုဖြစ်ပေါ်နိုင်

နေပြည်တော်  သြဂုတ်  ၁၈

ယနေ့မွန်းလွဲ ၁ နာရီခွဲ အချိန် တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် နောက် ၂၄ နာရီ အတွင်း လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရသည်။ 

(မိုး/ဇလ)

လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နိုင်

နေပြည်တော်  သြဂုတ်  ၁၆

ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန် တိုင်းထွာ ချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၌ သြဂုတ် ၁၉ ရက်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင် သည်ဟု ခန့်မှန်းရသည်။     (မိုး/ဇလ)

လေဖိအားနည်း ရပ်ဝန်း ဆက်လက်တည်ရှိနေ

နေပြည်တော် သြဂုတ် ၉

ယနေ့ည ၆ နာရီခွဲအချိန်တိုင်းထွာ ချက်များအရ  ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ  သြရိဿ ပြည်နယ် မြောက်ပိုင်းကမ်းလွန်- အနောက်ဘင်္ဂလား ပြည်နယ်ကမ်းခြေ) တို့တွင် ဖြစ်ပေါ်နေသော လေဖိအား နည်း ရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက သတင်း ထုတ်ပြန်ထားသည်။

မိုးရွာသွန်းမှုကြောင့် ကောလင်းမြို့ ရပ်ကွက်သုံးခုအတွင်း ရေဝင်ရောက်

မိုးရွာသွန်းမှုကြောင့် ကောလင်းမြို့ ရပ်ကွက်သုံးခုအတွင်း ရေဝင်ရောက်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်၊ မင်းလှ၊ ဝက်လက်မြို့နယ်တို့ရှိ နေရာအချို့၌ ပျက်စီးမှုများဖြစ်ပွား

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကုတ်၊ မင်းလှ၊ ဝက်လက်မြို့နယ်တို့ရှိ နေရာအချို့၌ ပျက်စီးမှုများဖြစ်ပွား

မိုးကုတ်  ဇွန်  ၂၅