နိုင်ငံ့ရထား ပြည်သူ့အား
နိုင်ငံ့ရထား ပြည်သူ့အား
မြန်မာနိုင်ငံတွင် ၁၈၇၇ ခုနှစ် မေလ ၁ ရက်မှစ၍ ရန်ကုန်-ပြည်ရထားလမ်း စတင်ဖောက်လုပ်ပြေးဆွဲခြင်းနှင့် အတူ ရထားလုပ်ငန်း ပေါ်ထွန်းလာခဲ့သည်မှာ ယခုဆိုလျှင် (၁၄၇)နှစ်မြောက်ရှိပြီဖြစ်သည်။
သမိုင်းကြောင်းရှည်လျားခဲ့သည့် ကာလအတွင်း ရထားပြေးဆွဲခြင်း လုပ်ငန်းဖြင့် ပြည်သူတို့အား ဝန်ဆောင်မှုပေးလျက်ရှိသည့် ရင့်ကျက်နေပြီဖြစ်သော ဌာနကြီးတစ်ခုဖြစ်သည်ဟုလည်း တင်စားလိုက်ရသည်။