ပေါင်းစည်းညီညွတ် ရင်ဆိုင်တုံ့ပြန် အာဆီယံအတွက် ACDFM
အာဆီယံလို့ခေါ်တဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ဆိုတာ ဒေသတွင်းသာမက နိုင်ငံတကာ ကပါ လေးစားရတဲ့၊ အားကျရတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တယ်ဆိုရင် မှားမယ်မထင်ပါဘူး။
အဖွဲ့ဝင်နိုင်ငံတွေဟာလည်း တစ်ခုတည်းသော ရည်မှန်းချက်ပန်းတိုင်ဆီကို တစ်စိတ်တည်း၊ တစ်ဝမ်းတည်း၊ ခံယူချက်တစ်ခုတည်းနဲ့ အမြဲမပြတ်ရှေ့ဆက် တက်လှမ်းနေကြပါတယ်။ ပထဝီဝင်အနေအထားအရကြည့်မယ်ဆိုရင် အရှေ့တောင်အာရှဒေသမှာရှိတဲ့ နိုင်ငံတွေဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ မျက်စိကျနေတဲ့ တစ်နည်းအားဖြင့် အာဏာလွှမ်းမိုးရေးပြိုင် ဆိုင်နေတဲ့ အင်ဒို-ပစိဖိတ်ဒေသရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတွေ ဖြစ်နေပြန်ပါတယ်။