မကွေးတိုင်းဒေသကြီးအတွင်း GAP နည်းစနစ်ဖြင့် မိုးနှမ်းစိုက်ဧက တစ်သိန်းကျော် စိုက်ပျိုး
မကွေးတိုင်းဒေသကြီးအတွင်း ယခုနှစ် မိုးရာသီကာလတွင် မိုးနှမ်းသီးနှံကို GAP နည်းစနစ်ဖြင့် စိုက်ဧက တစ်သိန်းကျော် စိုက်ပျိုးနေကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရန် သီးနှံစိုက်ပျိုးရ လွယ်ကူခြင်း၊ ဒေသနှင့်ကိုက်ညီခြင်း၊ မျိုးပွားရလွယ်ကူခြင်း၊ ပြည်ပနိုင်ငံများမှ ကြိုက်နှစ်သက်သည့် Organic သီးနှံများကို သိပ္ပံနည်းကျ အောင်မြင်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ဈေးကွက်တင်ပို့ ရောင်းချနိုင်ရန်အတွက် GAP နည်းစနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်မည်ဖြစ်သည်။