ကျန်းမာရေး

ကိုဗစ်-၁၉ ရောဂါအား ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် အသုံးများသည့် ဆေးဝါးများ၏ ပေါက်ဈေးများ

မြန်မာ့ဆေးနည်းတိုများ

မြန်မာ့ဆေးနည်းတိုများ

အကိုက်အခဲရောဂါ

ပူလျှင်ဖြစ်သော အကိုက်အခဲရောဂါနှင့် အေးလျှင်ဖြစ်သော အကိုက်အခဲရောဂါ၊ အကြောတက်အကိုက်အခဲရောဂါဟူ၍ အမျိုးမျိုး ရှိသည်။

-           ချင်းခြောက်အမှုန့်နှင့်လင်းနေအမှုန့်ကို နှစ်ဆ တစ်ဆ(နှစ်အချိုးတစ်) ရောစပ်ပြီး ရေနွေးပူပူ သို့မဟုတ် အရက်ဖြင့် ဖျော်စပ် လိမ်းပါက အကိုက်အခဲရောဂါ အမျိုးမျိုးကို သက်သာစေသည်။

-           မိဿလင်ဥအစို သို့မဟုတ် အခြောက်မှုန့်ကို အဝတ်ပါးဖြင့်ထုပ်ပြီး ရေနွေးငွေ့ဖြင့် ကြပ်ထုပ်ထိုးပေးပါ။

အမြင်စွမ်းအားဗီတာမင်အေချို့တဲ့ခြင်း

အမြင်စွမ်းအားဗီတာမင်အေချို့တဲ့ခြင်း

အမြင်စွမ်းအားကိုပေးနိုင်စွမ်းတဲ့ ဗီတာမင်အေဟာ နေ့စဉ်အစားအသောက်ထဲမှာ ပါဝင်ပါတယ်။ ရောဂါကာကွယ်ရာမှာ ဗီတာမင် အေနဲ့ကယ်ရိုတင်းကြွယ်ဝတဲ့ အစားအစာများ စားသုံးပေးခြင်း၊ အင်အားပြင်းဗီတာမင်အေဆေးများ သောက်သုံးခြင်း၊ အစာမှာ ဗီတာမင်အေအာဟာရဖြည့်စွမ်းပေးခြင်းတို့လုပ်ဆောင်ဖို့လိုအပ်မှာဖြစ်တယ်။

မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ် ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ပထမအကြိမ် ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်း မရှိသည့် အသက် ၁၈ နှစ်အထက်ရှိသူများအား   စတုတ္ထအသုတ် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၂ ရက် ညနေပိုင်းတွင် မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၁၉၄ ဦး ထပ်တိုး

ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၁၉၄ ဦး ထပ်တိုး

နေပြည်တော်  အောက်တိုဘာ  ၃

ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉  သံသယလူနာများ၊ ဓာတ်ခွဲ အတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ် ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ  ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက် ရှိရာ (၂-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီမှ (၃-၁ဝ-၂ဝ၂၁)ရက် ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၄၃၉ဝ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်  ၁၁၉၄ ဦး တွေ့ရှိရသည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ရှမ်းပြည်နယ် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေး

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ရှမ်းပြည်နယ် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေး

ပင်းတယ   အောက်တိုဘာ ၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသည့်  Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ (၄) သန်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံရောက်ရှိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသည့်  Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ (၄) သန်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံရောက်ရှိ

နေပြည်တော် အောက်တိုဘာ  ၂

ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် ၁၃၄၇ ဦး ထပ်တိုး

ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် ၁၃၄၇ ဦး ထပ်တိုး

ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူ လူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင် ရွက်ကြရန် လိုအပ်ပါသည်။

စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ၅၄၁၅ ဦး ထိုးနှံပြီးဖြစ်

စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ၅၄၁၅ ဦး ထိုးနှံပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်  စဉ့်ကိုင်မြို့နယ်အတွင်းရှိ  အသက်၅၅ နှစ်နှင့် ၆၄ နှစ်ကြားပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်များ၊ စက်ရုံ၊ အလုပ်ရုံများမှ ဝန်ထမ်းများ၊  မသန်စွမ်းသူများ၊ ပရဟိတအသင်းဝင်များ၊    လူမှုရေး အသင်းအဖွဲ့များအား ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး   ပထမအကြိမ် ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၂ ရက်အထိ  ၅၄၁၅ ဦး ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။