အခန်းဆက်ဝတ္ထုရှည်

ငယ်ဘဝ

ယမန်နေ့မှအဆက်

ဆရာမပြောသည့်စကား မောင်ငြိမ်းချမ်း စွဲမြဲစွာ မှတ်မိပါသည်။ ခြောက်တန်းနှစ်ရောက်သောအခါ ကျောင်းပိတ်ရက်တွင် အိမ်ရှေ့ပိတောက်ပင်အောက်မှ ကွပ်ပျစ်ပေါ်မှာ စာဖတ်နေစဉ် လမ်းပေါ်မှာ ဗိုင်းခနဲလဲသံကြားရသည်။ မောင်ငြိမ်းချမ်း အမှတ်မထင်လှမ်းကြည့်လိုက်သောအခါ သူ့အရွယ်ကောင်မလေးနှစ်ယောက် လမ်းပေါ်မှာ စက်ဘီးလဲ၍ ဒူးပေါ်ပေါင်ပေါ်

ဖြစ်နေကြသည်။ မောင်ငြိမ်းချမ်းက မကြားချင်ယောင် မသိချင်ယောင်ဆောင်ပြီး   လက်ထဲမှစာအုပ်ကို သဲသဲမဲမဲ ငုံ့ဖတ်နေသည်။

ဟယ်...ငါ့ဒူးခေါင်းပွန်းသွားပြီ...နာလိုက်တာ...

အငယ်မလေးက ငိုသံပါနှင့်ပြောနေသည်။

ငယ်ဘဝ

ယမန်နေ့မှအဆက်

ထိုအချိန်တွင်   ကာလသားကြီးတစ်ယောက်က မန္တလေးမှအပြန်မှာ သူ့ဆွေမျိုးများအိမ်မှငှားလာခဲ့သည်ဆိုသော ဝတ္ထုစာအုပ်တစ်အုပ် မောင်ငြိမ်းချမ်းဖတ်ရန်လာပေးသည်။

စာရေးဆရာမင်းအောင်ရေးသားသော  စာပေဗိမာန်ပထမဆုရ  မိုးအောက်မြေပြင်ဝတ္ထုဖြစ်သည်။

ကျေးလက်နေလူတို့၏ ဓလေ့သဘာဝ၊ အဖိနှိပ်ခံကြရသည့် ဘဝနှင့် ကျေးလက်နေရွာသူရွာသားများ တိုးတက်အောင် စေတနာထားပြုပြင်ရန် ကြိုးစားသော စိတ်ကောင်းရှိသူ လူငယ်တစ်ယောက်အကြောင်းဝတ္ထု ဖြစ်သည်။

အချစ်ပါသည်၊ အလွမ်းပါသည်၊ မတရားမှုကို ဆန့်ကျင်တွန်းလှန်ရသည်။  အားတက်ဖွယ်ရာများပါသည်။

ငယ်ဘဝ

ယမန်နေ့မှအဆက်

အခြေခံညံ့သောသင်္ချာ မောင်ငြိမ်းချမ်း စဉ့်ကိုင်မြို့အလယ်တန်းကျောင်းမှာ ငါးတန်းတွင် ပညာသင် ရသောအခါ အခြားသော ဘာသာရပ်များအတွက် အခက်အခဲရှိသော်လည်း သင်္ချာဘာသာတွင် အခက်အခဲကြုံရသည်။

ငယ်ဘဝ

ယမန်နေ့မှအဆက်

စဉ့်ကိုင်မြို့အလယ်တန်းကျောင်း

ကျောင်းဖွင့်သည်နှင့် မောင်ငြိမ်းချမ်းစဉ့်ကိုင်ကျောင်းမှာ တက်ရသည်။ အလယ်တန်းကျောင်းသား ဖြစ်သွားပြီ။ ရွာမှာအလယ်တန်းကျောင်းတက် သူတစ်ယောက်မျှမရှိ၍ မောင်ငြိမ်းချမ်းကျောင်းသွား ဖော်ပင်မရှိ၊ လုံချည်စိမ်းနှင့် အင်္ကျီအဖြူဝတ်ပြီး ရွာမှတစ်ယောက်တည်း ထွက်ရသည်။ အဖေကြီးဝယ် ထားသော စက်ဘီးလေးနှင့်ဖြစ်သည်။

ငယ်ဘဝ

ယမန်နေ့မှ အဆက်

ထိုနွားနို့များကိုခြံရှင်၏မိန်းမက မြေအိုးနှင့်ရွက်၍ ရွာထဲမှာလှည့်လည်ရောင်းသည်။ ရွာနှံ့အောင်ရောင်းပြီး အပြန်တွင်   ရွာတောင်တံခါးအထွက်မှာရှိသော မောင်ငြိမ်းချမ်းတို့အိမ်သို့ဝင်လာပြီး  နှစ်ဆယ်သား၊  အစိတ်သားကျန်သမျှနွားနို့များကို အလကားပေးသွား လေ့ရှိသည်။

မိုးကျ၍သူတို့ရွာသို့နွားခြံများပြန်ပြောင်းချိန်တွင် အမေကြီးက ဆန်၊ ဆီ၊ ကုလားပဲစသည့်လယ်ထွက်၊ ယာထွက်သီးနှံများကို   လက်ဆောင်ပြန်ပေးရပါ သည်။

ငယ်ဘဝ

ယမန်နေ့မှအဆက်

''အဘွားကြီး..ဖိနပ်က ဘယ်နားက တောမှာလဲ..''

မောင်ငြိမ်းချမ်း လှမ်းမေးလိုက်သည်။

အဘွားကြီး နောက်သို့ပြန်လှည့်ကြည့်သည်။

''ဟိုးကမြင်ရတဲ့ စင်္ကြံကုန်းလွန်ရင် ကျော်သိန်းတို့ ပြောင်းခင်းတွေ့မယ်။ ပြောင်းခင်းလွန်ရင် ဝါခင်းရှိတယ်..ဝါခင်းကျော်ရင်..နောက်ထပ်ကုန်းတစ်ခု တွေ့မယ်..။အဲဒီကုန်းပေါ်က ထနောင်းပင်အောက်မှာ မီးဖိုလေးဘေး ချွတ်ထားတာ..''

အဘွားကြီးက  အပြည့်အစုံပြောပြသည်။

''ဟေ့ကောင်  မသွားနဲ့ အဝေးကြီးပဲ။ သွားရင်တော့ မင်းအမေကြီးကို သွားတိုင်မှာ..''