ဝမ်းရေးထက်ပင် ခက်ပါသည်
ဝမ်းရေးထက်ပင် ခက်ပါသည်
ဝမ်းရေးထက်ပင် ခက်ပါသည်
ဝမ်းရေးထက်ပင် ခက်ပါသည်
ယမန်နေ့မှအဆက်
ဝမ်းရေးထက်ပင် ခက်ပါသည်
ယမန်နေ့မှအဆက်
ကိုထွန်းငြိမ်း ပြောသည်မှာ အမှန်ပင်ဖြစ်သည်။
ကိုရဲမြင့်သည် မန်းချောင်းဘေး သဲသောင်ပေါ်တွင် တွေ့ခဲ့ရသော ဥစ္စာစောင့်မလေးအကြောင်း တွေးနေခြင်းဖြစ်သည်။
သူ့စိတ်သည် မကြုံစဖူးပျော့ညံ့လေလွင့်နေသည်။
ရင်ထဲတွင်လည်း တစ်စုံတစ်ခုအတွက် ဟာနေ၏။
ယမန်နေ့မှအဆက်
ဝမ်းရေးထက်ပင် ခက်ပါသည်
ယမန်နေ့မှအဆက်
စောင့်ရသူ၊ မျှော်ရသူအဖို့မူ အချိန်ကား ကုန်ခဲလှသည်။ ရွာမြောက်ပိုင်းက ခွေးဟောင်သံကြားတိုင်း ချစ်သူလာပြီအထင်နှင့် ရင်ခုန်ရသည်မှာလည်း အကြိမ် ကြိမ်ပင်။ ချစ်ရည်ရွှန်းလဲ့သော မျက်ဝန်းလဲ့ပြာပြာကလည်း ဟိုနေရာ ဒီနေရာ ဝင်းဝင်းလက်နေ၏။
ဝမ်းရေးထက်ပင် ခက်ပါသည်
ယမန်နေ့မှအဆက်
သူ တွန်းပစ်လိုက်၍ ခေါင်းပေါ်က မျက်နှာသုတ်ပဝါ လျှောကျသွားခါမှ ကိုထွန်းငြိမ်း မဟုတ်မှန်းသိသော မခင်မှီမှာ တော်တော်တုန်လှုပ်သွားသည်။ ပြီးတော့ သူ့ကြောင့် ခါးကထဘီလည်း ကျွတ်ကျသွားသဖြင့် ရှက်လည်းရှက်သွားသည်။ ထို့ကြောင့် ရှက်ရှက်နှင့် ထွက်ပြေးခြင်းဖြစ်၏။
ဝမ်းရေးထက်ပင် ခက်ပါသည်
ယမန်နေ့မှအဆက်
ဤသည်ကို ကိုရဲမြင့်က အားနာသည်။ သူ့အနေမှာ တောသူတောင်သားများနှင့် နောက်ဆိုလျှင် မည်မျှ ကြာကြာနေရဦးမည်မသိ။ ယုံကြည်ချက်အတွက်ဆိုလျှင် အသက်ကိုပင် စွန့်မည်ဟု ဆုံးဖြတ်ထားသူ တစ် ယောက်အနေဖြင့် ယခုကပင် ကြိုတင်လေ့ကျင့်ထားရမည် မဟုတ်ပါလား။
ဝမ်းရေးထက်ပင် ခက်ပါသည်
ယမန်နေ့မှအဆက်
အစောင့်လိုက်ပါလာသော ရဲဘော်ရှေ့က နွားဖြစ်နေသဖြင့် ရဲဘော်ဖြူက သေနတ်နှင့်ပစ်လိုက်ရာ ထိုကျားကို အသေဖမ်းမိလိုက်သည်။ ထိုစဉ်က ကျားသေမှာ ဘာမှတန်ဖိုးမရှိပေ။ ကျားသားကို လူလည်းမစားသဖြင့် ရိုးမထဲကချင်းရွာကို သွားကာ ဝက်တစ်ကောင်နှင့်လဲပြီး နတ်ရေကန်စခန်းတွင် ချက်စားခဲ့ကြရကြောင်း ကိုထွန်းငြိမ်းတို့ ကြားသိရသည်။
ဝမ်းရေးထက်ပင် ခက်ပါသည်
ယမန်နေ့မှအဆက်
ရခိုင်ရိုးမထဲ လူရော နွားပါ ခြောက်ည အိပ်ကြရသည်မှာ အလွန်အန္တရာယ်များသည်။ ရိုးမတော၌ ကျားအလွန်ပေါ၏။ ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းက ထောင်ပေါင်းများစွာသော အိန္ဒိယလူမျိုးတို့သည် ရခိုင်ရိုးမရှိ တောင်ကုတ်တောင် ကြားလမ်းကိုဖြတ်၍ မြန်မာပြည်မှ အိန္ဒိယ သို့ ထွက်ပြေးကြရသည်။ ထိုအထဲမှ လူဦးရေ ၄၀၀၀ ခန့်သည် လမ်းခရီး၌ သေဆုံးကြသည်။
ဝမ်းရေးထက်ပင် ခက်ပါသည်
ယမန်နေ့မှအဆက်
“သုံးရာ့နှစ်ဆယ်ဆိုတော့ ခု နွားဆယ် ကောင်ပိုနေပါတယ် ဗိုလ်ကြီး”
“ဟေ ဟုတ်လား”
လယ်ကန်သင်းရိုးပေါ်တွင် အကျအန ထိုင်နေသော ဗိုလ်ကြီးဆိုသူ၏ မျက်နှာမှာ ချက်ချင်း ဝင်းဝင်းကြည်သွားသော်လည်း နွားဝိုင်းသမားများ၊ ကုန်သည်ပွဲစားများနှင့် ကိုထွန်းငြိမ်း၊ ကိုရဲမြင့်တို့၏မျက်နှာမှာကား သိသိသာသာ ညှိုးရော်သွားကြလေသည်။