အခန်းဆက်ဝတ္ထုရှည်

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

 

     ထို့ကြောင့်လည်း မခင်မှီသည် ကိုရဲမြင့်၏မျက်နှာကို မော့ကြည့်ကာ “ဘာလို့လဲ ကိုရဲမြင့်”ဟု မေးမိ၏။

“ဘာမှမဟုတ်ပါဘူး။ ကလေးကို ဘယ် လိုနာမည်ပေးမလဲဆိုတာ မေးမလို့ပါ”

ကိုရဲမြင့်က ရှက်သွားသလို ပြုံး၍ဖြေသည်။

“ဘယ်လိုနာမည်ပေးရကောင်းမလဲ ကို ရဲမြင့်”

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

 

    မခင်မှီ၏  ကိုယ်ဝန်မှာ ယခုအခါ နေစေ့လစေ့ ရင့်မာနေပြီ။ ကိုထွန်းငြိမ်း၏ ဦးလေး၊ အဒေါ်တို့အိမ်တွင် နေ၍မသင့်ဟု အမေက လာခေါ်သည်။ အားကိုးအားထားရာ လင်သားလည်းမရှိသော အိမ်တစ်အိမ်တွင် နေသည်နှင့်စာသော်  အမေအရင်းရှိသော အိမ်မှာ ပြောင်းရွှေ့နေထိုင်သည်က   ပို၍သင့်လျော်သည်၊ ပို၍  စိတ်ချမ်းသာလိမ့်မည် အထင်နှင့် အမေ့အိမ်လိုက်လာကာမှ ဦးလေးစကားကြောင့် အိမ်ကိုရောက်ရောက်ချင်း စိတ်ညစ်ရသည်။ ငိုရသည်။

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

 

“တောက်”

ဦးတင်ခ၊ မခင်မှီတို့စကားကိုကြားရသော အခါ အစိုးရတပ်ကဟုပြောသော အိမ်ပေါ်ရှိ ယူနီဖောင်းဝတ်စစ်သား သုံးယောက်မှာ ငိုင်တွေသွားကြသည်။  သို့သော်  မမျှော်လင့်ဘဲ အိမ်ခေါင်းရင်းမှ တက်ခေါက်သံ တစ်ချက်ကမူ မခင်မှီ၏ တစ်ကိုယ်လုံးကို ကြက်သီးတဖြန်းဖြန်းထသွားစေလေသည်။

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

 

     “ကဲ ဆရာငြိမ်း ကျွန်တော် သွားပါဦးမယ်။   ဒီကိစ္စ ပေါက်ကြားရင်တော့ ကျွန်တော်ပါ အသတ်ခံရမှာ ကျိန်းသေပါပဲ။ အဲဒါကြောင့် ဆရာငြိမ်းရော၊ ဒီက အဒေါ်တို့နဲ့    မခင်မှီကိုပါ   ကျွန်တော်နောက်ဆုံး တောင်းပန်ချင်တာက ဒီလို အသက်စွန့်ပြီး လာပြောရတဲ့   ကျွန်တော့်စေတနာကို   သဘောပေါက်ကြပါဗျာ”

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

 

     ဦးဖြူလှ နွားကို သေနတ်နှင့် ပစ်သတ်စားကြသော ကိစ္စနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်နေသော စိန်မောင်သည် မြမောင်အပါအဝင် ရဲဘော်ဖြူ ငါးယောက် တန်းစီအိပ်နေကြသည်ကို စက်ကလေးနှင့် တရကြမ်းပစ်ပြေးကာ အစိုးရတိုက်ကင်းရှိရာ ကုန်းဘောင်ရွာသို့ ညက ထွက်ပြေးသွားသည်။

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

 

    လူတွေမှာ ကြောက်၍ တုတ်တုတ်မျှ မလှုပ်ရဲကြသော်လည်း ခွေးတွေကမူ တဝေါင်ဝေါင် ဟောင်နေကြသည်။

အကာလ ညအချိန်ဖြစ်၍ တိတ်ဆိတ်သွားပြန်၏။

အကာလ ညအချိန်တွင် ဤလိုသေနတ်သံများကို ကြားရပြီဆိုလျှင်  နံနက်ထမှာ  အမင်္ဂလာသတင်း တစ်ခုကိုလည်း ကြားရစမြဲပင်။

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

 

    မန်းချောင်းနားရောက်သောအခါ သူသည် ကျောက်တုံးတစ်တုံးပေါ် တက်ထိုင်၍ ရောက်တတ်ရာရာ စိတ်ကူးနေမိသည်။

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

 

    မင်းဘူးမြို့ မရောက်ခင် အစိုးရ ရှေ့ကင်းချထားသော ကျောက်ကြီး စခန်းကို ဗိုလ်ညိုတို့ သွားတိုက်ကြသဖြင့် အစိုးရက တက်လိုက်လာကြောင်း ကိုရဲမြင့်က ပြောသည်။