အခန်းဆက်ဝတ္ထုရှည်

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

    ခင်ပွန်းသည်၏ သောကနှင့် အရူးမီးဝိုင်းဖြစ်နေရှာသော မခင်မှီက ရဲဘော်ကိုယ်ပေါ်က သေနတ်ကို အတင်းဆွဲပြီး သူ့ကိုသတ်ပါ၊ ပစ်ပါ လုပ်နေသောအခါ ထိုရဲဘော်ဖြူမှာ ကြောက်ကြောက်ရွံ့ရွံ့နှင့် အလောင်း သွားယူနေသူတွေကို အော်ဟစ်အကူအညီ တောင်းလိုက်ရလေသည်။

ဝမ်းရေထက်ပင် ခက်ပါသည်

ဝမ်းရေထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

မခင်မှီလက်ထဲက    ခင်ခင်ငြိမ်းအား လှမ်းယူရန်  လုပ်လိုက်သော  ဦးလှသော် ဇနီး ဒေါ်မေစိန်အား နောက်က အမျိုးသမီး ကြီးတစ်ယောက်က ကြိုကြိုတင်တင် သတိ ပေးလိုက်၏။

လိပ်ပြာဆိုသော  အမျိုးသမီး၏စကား ကြောင့် တချို့အမျိုးသမီးတွေက အတော်ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။

မိန်းမသားများ ထိတ်ထိတ်ပျာပျာဖြစ်ကြ မည်ဆိုကလည်း ဖြစ်စရာပင်။

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

 

    ကိုထွန်းငြိမ်း၏ ကျောကုန်းကဒဏ်ရာမှာ ပို၍နာကျင်လာသည်။ သွေးပူတွေကလည်း တစ်ကျောလုံး ပြည့်လျှံလာကြပြီဟု  ထင်လိုက်မိသည်။

ဒီလိုနှင့်ပင်   ထိန်း၍မပစ်တတ်သော ကိုထွန်းငြိမ်းသေနတ်က ဦးဆုံး ကျည်ကုန် သွားလေသည်။