အခန်းဆက်ဝတ္ထုရှည်

အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

    အောင့်မျက်နှာသုန်မှုန်တာ ရုတ်ခြည်းပျောက်သွားသည်။ အောင့်မျက်နှာသည် ခဏချင်းပင် ကြည်ကြည်လင်လင် ဖြစ်လာလေသည်။ ဗလသည် သူ့မျက်နှာထက် မတန်တဆကြီးသော မျက်မှန်ကို ပင့်တင်လျက် ရယ်နိုင်၊ မောနိုင် ဖြစ်လာသည်။

ဒေဝကတော့ မျက်လုံးကို မှေးစင်းကာ အောင့်ကို လှမ်းကြည့်ပြီး အောင့်ရှေ့နား တွင် သူ့လက်နှစ်ချောင်း ထောင်ပြကာ

“အောင်၊ ပိစ်”ဟု ပြောလိုက်သည်။

အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

“အေးပါဟာ၊ ရုပ်သိမ်းပါတယ်”

    ဒေဝနှင့်ဗလတို့က   ပြိုင်တူလိုပြန်ဖြေကြသည်။ ကိုလတ်ကတော့ စီးကရက်မီးခိုးငွေ့များကြားမှ စိတ်ဆိုးဒေါသထွက်နေသော အောင်၏ သွေးရောင်လွှမ်း နေသည့်မျက်နှာကို ကြည့်ကောင်းကောင်းနှင့် ငေးနေသည်။ မျက်ရည်တွေကြောင့် အောင့်မျက်လုံးတို့သည် ရွှန်းလဲ့တောက်ပနေကြသည်။

အောင် ရဲ့အောင်

 

အောင် ရဲ့အောင်

 

ယမန်နေ့မှအဆက်

    ချောစုက    ဘယ်သူမှမမြင်စေရဘဲ အောင့်ကိုတံတောင်နှင့် တွက်လိုက်တာကို  ကိုလတ်က   ဖျတ်ခနဲမြင်လိုက်မိသည်။ အောင့်မျက်နှာကို   ချက်ချင်းလှမ်းကြည့် လိုက်မိတော့ အောင်သည် မျက်လွှာချကာ ခေါင်းမသိမသာ ငုံ့နေသည်။

အောင် ရှက်နေတတ်သောအပြုအမူမျိုး မကြာခဏပင် ဦးချစ် လက်ဖက်ရည်ဆိုင်တွင် မြင်ရဖူးသည်။

အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

    ဆိုင်အပြင် တံစက်မြိတ်အလွန် စားပွဲနေရာတွင် ရှပ်အင်္ကျီတွေ ချွတ်လျက် စွပ်ကျယ်လက်ပြတ်တွေနဲ့ သဲသဲမဲမဲ စစ်တုရင်ထိုးနေသော၊ တခြား ဘယ်သူ့ကိုမှလည်း ဂရုတစိုက်ကြည့်ဖော်မရသော ကျောင်းသားတစ်စုပင် အောင်တို့လူသိုက်အား လှမ်းကြည့်လိုက်ကြသည်။

အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

ကားမှာ သုံးဘီး၊

လူမှာ ဒေဝနဲ့ ဗလ၊

ဘာမှတ်သလဲ...

ကြုံးဝါးသေးသည်။ ဒေဝရော၊ ဗလရော အရပ်တွေကလည်း နည်းနည်းမှ ပေမမီ။ လေးပေသာသာခန့်၊  ခွေးပစ်တဲ့တုတ်လောက်ပဲရှိသည်။ တစ်ခါတလေ ဒေဝက မိန်းမတို့ ဟန်ပန်လေသံနှင့်...

အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

ထိုနေ့က   သူငယ်ချင်းတစ်စုရိုက်ကြသော ဓာတ်ပုံတွင် သတို့သမီးနှင့်တွဲလျက် သတို့သားပါခွင့်မရရှာတော့။ ထိုနေ့ကစပြီး ကိုယ်ပျောက်သတို့သားဘွဲ့ မည်တွင် လျက်ရှိသည်။

“အေး...အောင် နင်အလှည့်ကျသိမယ် သတိထား”

အားလုံးက ဝိုင်းကြိမ်းမောင်းကြရသည်။ ဘယ်လောက်ဆိုးသည့် အောင်ပါလိမ့်။ ထို့ နောက် အောင်ကပြောသေးသည်။

အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

    အသားညိုညို     ခပ်၀၀ချောစုသာ အောင်ဟုထင်မိပြီး   ချောစုကိုသာလှည့် စကားပြောနေမိသေးသည်။

လွန်ခဲ့သော သုံးနှစ်ခန့်က စံရိပ်ငြိမ်နှင့် လမ်းတစ်ဖက်တည်း  ရိုးမနားက  အပြင် ဆောင်တစ်ခုမှာပေါ့။ အောင်ဆိုသော ဝိဇ္ဇာ သိပ္ပံမှ  မျက်နှာသစ်ကလေး တစ်ခုသည် ပုသိမ်ကောလိပ်က ပြောင်းလာတာတဲ့။