အခန်းဆက်ဝတ္ထုရှည်

အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

အခန်း (၁၁)

ငယ်ငယ်တုန်းက စာမကျက်သဖြင့် အတန်းထဲမှာ အပြင်ဘက်သို့ တစ်နေ့လုံး ထွက်နေရတာ၊ အိမ်တွင် ဝတ္ထုဖတ်မိတာကို အတင်းပြန်သိမ်းခံရပြီး မှားပါပြီဟု ဝန်ခံရမည်ကို ဝန်မခံသဖြင့် ရေချိုးခန်းထဲတွင် တစ်နေ့နှင့် ညတစ်ဝက် ပိတ်လှောင်ခံရတာ စသည်ဖြင့်...။

အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

တစ်ရက်တော့ သည်စာအုပ်လေးသည် ဗလလက်ထဲမှတစ်ဆင့် ကိုလတ်လက်ထဲသို့ ရောက်သွားသည်။     ပြန်လုယူလည်း မရတော့။ လူပိန်သလောက် ကိုလတ် လက်တွေမှာ သန်မာမြဲမြံလှသည်။ စာအုပ်စုတ်သွားမည် စိုးသောကြောင့် စာအုပ်ကို တစ်ခါတည်း အလယ် က ဖြတ်ကိုင်ထားသည်။

အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

 သည်တော့ အောင်သည် အတွေးနှင့် ငေးသွားပြန်သည်။ ဘာပဲဖြစ်ဖြစ် ကိုယ်ဖြစ် လာတဲ့ဘဝကိုတော့   ကျေနပ်ပါသည်။ အနည်းဆုံး ကိုယ့်အတွေးနှင့် ကိုယ့်စိတ်နေ သဘောထားကိုပေါ့။

ရင်ရင်ထိုက် ဖြစ်မလာတာ၊ ဖြူဖြူခေါ် ပျာကလတ်ဖြစ်မလာတာ၊ ရင်ရင်ထိုက်တို့ အားကျအတုခိုးနေတဲ့  အဆောင်မှာလာနေတဲ့  အရာရှိကတော် မိန်းမတစ်ဦးပုံစံ မျိုး ဖြစ်မလာတာ။

အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

    ခေတ်ဆန်သော အလှတစ်ရပ်ဖွဲ့စည်းထားသည်။ မျက်နှာအသားကတော့ သိပ်မချောလှ၊ တိုရီ အဖိုးတန်ခရင်မ်အောက်တွင် ပြုပ်ထနေသော အသားအရေကို ဆန်းဆန်းမြင့်က...

“ဘယ်တော့မှ ဒီအသားက လှမှာမဟုတ်ဘူး ဒါလောက်ပွေတာ” ဟုပြောတော့ အောင်က...

“ပွေတာနဲ့ အသားမလှတာနဲ့ မဆိုင်ပါဘူးတဲ့၊ သွေးမကောင်းရင်လည်း ဖြစ်တတ်ပါတယ်”

အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

အခန်း (၈)

ထင်သည့်အတိုင်းပင် အောင့်အခန်းကို    အားလုံးစုဝေး ရောက်လာကြလေသည်။ အောင့် ခုတင်ရော၊ ချောစု ခုတင်ရော အဆောင်သူတွေပြည့်လာလေသည်။ ချောစုက သူ့ရင်ဘတ်ကို တီးလျက်...

“နဂိုက မခိုင်တဲ့ ငါ့ခုတင်လေးတော့ ကျိုးပါပြီတော်”

တစ်စုံတစ်ယောက်က ရွှတ်တွတ်တွတ် ဝင်မေးတော့   ချောစုက  မျက်လုံးပြူးလျက်...

အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

    ဆေးလိပ်ပြာခေါင်း   ရှည်လာတာကို ပြာခံခွက်ထဲ ခြွေချလိုက်ရင်း..

“ငါ့မောင်လေးကလေ ခေါင်းပေါင်းသိပ်သဘောကျတာပဲ၊ တို့အိမ်မှာ ခြကိုက်ထားတဲ့ ဖေဖေ့ခေါင်းပေါင်း တွေ မှန်သရွေ့ သူပဲ ကောက်ကောက်ဆောင်းတာ၊ သူ့ခေါင်းလေးက သေးသေး၊ ခေါင်းပေါင်းက ကြီးကြီးနဲ့ ဆောင်းလိုက်ရင် နဖူးပေါ်ရောက်နေရော၊ အဲဒီတုန်း  က သူခုနစ်နှစ်သားပဲရှိသေးတယ်။

အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

    ညနေဆည်းဆာဖျော့ဖျော့ဝယ် မိုးရိပ်နှင့်လွင့်ပါးနေသော မီးခိုးရောင် တိမ်မျှင်စများ၊ တောက်ပသောနေရောင်ခြည်အောက်မှ ပန်းနုရောင်အပွင့် သေးသေးနုပ်နုပ်များ ဖုံးနေသော စောင်းလျားပင်များ၊ စိမ်းလန်းစိုပြည်၍ မြရောင်ရွှန်းလဲ့သော မြက်ခင်းမှ မြက်နုနုလေးများ၊ စွတ်စိုသိပ်သည်းသော မြေပေါ်မှ ပိန်းကြားအခက်များ။

အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

    အင်းလျားကန်ရေပြင်မှ ဖြတ်တိုက်လာသောလေသည် တစိမ့်စိမ့်အေးလာသည်။ ရေပြင်မှ လှိုင်းလိပ် မပြေ့တပြေတို့သည် ကမ်းစပ်နားသို့ အသာလှိမ့်လာသည်။ သရက်ပင်ညိုတို့မှ အကိုင်းတို့သည် လေကစားရာသို့ လှုပ်ယိမ်းနေကြဟန်မှာ ရေပေါ်အရိပ်ထင်နေ ကြသည်။

အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

    အောင့်မျက်နှာသုန်မှုန်တာ ရုတ်ခြည်းပျောက်သွားသည်။ အောင့်မျက်နှာသည် ခဏချင်းပင် ကြည်ကြည်လင်လင် ဖြစ်လာလေသည်။ ဗလသည် သူ့မျက်နှာထက် မတန်တဆကြီးသော မျက်မှန်ကို ပင့်တင်လျက် ရယ်နိုင်၊ မောနိုင် ဖြစ်လာသည်။

ဒေဝကတော့ မျက်လုံးကို မှေးစင်းကာ အောင့်ကို လှမ်းကြည့်ပြီး အောင့်ရှေ့နား တွင် သူ့လက်နှစ်ချောင်း ထောင်ပြကာ

“အောင်၊ ပိစ်”ဟု ပြောလိုက်သည်။