ဝမ်းရေးထက်ပင် ခက်ပါသည်
ဝမ်းရေးထက်ပင် ခက်ပါသည်
ယမန်နေ့မှအဆက်
“တိုက်နယ်ဥက္ကဋ္ဌ ဦးဘကျော်အိမ်လေ ဟုတ်တယ် မဟုတ်လား”
“ဟုတ် ဟုတ်ပါတယ်၊ ကလေးရယ်”
ကြောက်ရွံ့ ထိတ်လန့်စိတ်နှင့် သတိလစ်သလိုဖြစ်နေရှာသော မခင်မှီ၏အမေမှာ ရဲဘော်ဖြူနှစ်ယောက် အမေးကို ယခုမှ ပြန်ဖြေနိုင်သည်။
“ဒီလို ဆိုရင် ဘယ်မှာလဲ မခင်မှီ ဆိုတာ”
“ရှိ ရှိပါတယ်ကွယ်”
“ဘယ်မှာလဲ”