အခန်းဆက်ဝတ္ထုရှည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

ကိုထွန်းငြိမ်းသည် ကိုထွန်းလင်းဆီကစာကို ချက်ချင်းယူ ဖောက်ဖတ် လိုက်သည်။

ကိုထွန်းလင်းဆီကစာကို ဖတ်ရပြီးသော်လည်း ကိုထွန်းငြိမ်း၏မျက်နှာမှာ ကြည်ကြည်လင်လင်မရှိပေ။ ညှိုးညှိုးငယ်ငယ်နှင့် သူ့ညီဆီကစာကို ကိုင်ကာ ခဏငိုင်နေသေး၏။ ပြီးမှ သက်မတစ်ချက်ချလိုက်ပြီး...

ဆရာကြီးရော ဟု မေးသည်။

ဝမ်းရေးထက်ပင်ခက်ပါသည်

 

ဝမ်းရေးထက်ပင်ခက်ပါသည်

 

ယမန်နေ့မှအဆက်

 

    ဒီ   ညီအစ်ကိုနှစ်ယောက်အပေါ်တွင် တင်တင်မြိုင်၏ သံယောဇဉ်မှာ ကြီးမားစွာတွယ်နှောင်လျက်ရှိသည်။

“မြိုင်ရယ်”

မိမိရွာသို့ပြန်ရန် အထုပ်အပိုးပြင်ဆင် ထားပြီးဖြစ်သော ကိုထွန်းငြိမ်းက တင်တင်မြိုင်ကို လာနှုတ်ဆက်သည်။

တင်တင်မြိုင်မှာ ရင်ထဲဆို့နင့်နေသဖြင့် ကိုထွန်းငြိမ်းကို မည်သို့ပြန်ပြောရမှန်း မသိဘဲ မျက်ရည်အဝဲသားနှင့်သာ ကိုထွန်းငြိမ်း ၏မျက်နှာကို အကြာကြီးစိုက်ကြည့်နေမိသည်။ မျက်ရည်ကြားမှ မြင်ရသော ကိုထွန်း ငြိမ်း၏ မျက်နှာမှာလည်း ညှိုးငယ်ပန်းလျ နေသည်။

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

“ကျွန်တော်ပြန်လာတဲ့နေ့ကတော့  သက်သာပါတယ် ဆရာကြီး။ ဖေဖေ့အတွက်လည်း ဆရာကြီး သိပ်တော့မပူပါနဲ့။ ဒီလိုပဲ ခဏခဏဖြစ်တတ်တယ်တဲ့။ ဒါကြောင့်လည်း ဦးလေးတင်ခက ကျွန်တော့်ကို လွှတ်လိုက်တာပါ”

“အေးအေး၊ မင်းလည်း ခရီးပန်းလာတယ် ရေချိုး ထမင်းစားပြီး နားဦး”

“ဟုတ်ကဲ့ ခင်ဗျာ”

“ကိုလင်း”

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ဝမ်းရေးထက်ပင် ခက်ပါသည်

 

ယမန်နေ့မှအဆက်

    ကိုထွန်းငြိမ်းမှာတော့ တောဝက်သားနှင့် ထမင်း စားရသည်ကိုပင် အရသာမတွေ့တော့။  သို့သော် သူ့ညီကို စောင့်လိုသဖြင့် မစားချင် စားချင်နှင့်ပင် စားနေရသည်။

“မခင်မှီ ဝက်သားဟင်းထည့်ပါဦးဗျို့။ ထမင်းစားရတာ မြိန်သဗျာ။ ဒီက ဗိုလ်ကြီးပြောသလိုပဲ လွတ် လတ်လပ်လပ် သိပ်စားကောင်းပေါ့”